ချစ်စရာကောင်းတဲ့ သားရတနာလေးကို အခက်အခဲမရှိပဲ အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အဆိုတော် ဗီဗာဟိန်း

မြူးမြူးကြွကြွ တေးသီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် ဗီဗာဟိန်းကတော့ ပရိသတ်တွေမသိတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ ဗီဗာဟိန်းကတော့ ပြီးခဲ့တဲ့နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပြီး သာယာလှပတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်စေတဲ့ ဗီဗာဟိန်းဟာ ဒီကနေ့မှာလည်း သူမရဲ့ပျော်စရာသတင်းကောင်းကို ယူဆောင်လာခဲ့ပြန်ပါပြီ။

ဗီဗာဟိန်းက သူမရဲ့ သားလေးကို ဒီကနေ့ သြဂုတ်လ (၁၈) ရက်နေ့ ညနေပိုင်း ညနေ ၃နာရီ ၄၅ မိနစ်အချိန်မှာ ရန်ကုန်မြို့ ဆာကူရာဆေးရုံကြီးမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဗီဗာဟိန်းရဲ့ခင်ပွန်း ကိုအာကာက “တွဲလောင်းမွေးဖွားချိန်3:45pm thursday ကလေးရောမိခင်ကောကျန်းမာပါတယ်😊 အားလုံးကိုကျေးဇူးတင်ပါတယ်❤❤❤” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အသိပေးလာခဲ့ပါတယ်။

ဗီဗာဟိန်းကတော့ သူမရဲ့သားလေးကို အခက်အခဲမရှိ ကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့ပြီး သားလေးကလည်း လူ့လောကထဲကို ကျန်းကျန်းမာမာနဲ့ ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဗီဗာဟိန်းနဲ့ ထပ်တူ ဝမ်းသာပျော်ရွှင်နေကြမယ်ဆိုတာ သေချာပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Viva Rkar’s fb

error: Alert: Content is protected !!