ချစ်စရာကောင်းစွာမွေးဖွားလာခဲ့တဲ့ တူမအသစ်လေးကို မွေးမွေးချင်းမှာပဲ ကိုယ်တိုင်နာမည်ပေးခဲ့တဲ့ ပိုင်တံခွန်

နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ဟာ ပရိသတ်တွေအတွက်သာမက သူ့ရဲ့ပထမဦးစားပေး မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ မိသားစုဝင်တွေကလည်း သားတစ်ယောက် ညီတစ်ယောက် မောင်တစ်ယောက်အဖြစ် အဘက်ဘက်က တာဝန်ကျေပွန်တဲ့ ပိုင်တံခွန်ကို အမြဲတမ်းချီးမွမ်းလေ့ရှိတာပဲဖြစ်ပါတယ်။

မနေ့က မေလ (၁၁) ရက်နေ့မှာတော့ ပိုင်တံခွန်ဟာ သူ့ရဲ့အစ်ကိုအကြီးဆုံး နိုင်တံခွန်ရဲ့ သမီးလေး တူမသစ်လေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပိုင်တံခွန်က တူမလေးမွေးပြီးပြီးချင်းမှာပဲ တူမလေးနဲ့ အမှတ်တရဓာတ်ပုံလေးရိုက်ပြီး “တူမလေး ဒီနေ့မွေးတာ ကိုနိုင်တံခွန်ရဲ့ သမီးဦး.. သူ့အဖေ အမေ ဘာပဲပေးပေး ကိုယ်တိုင်နာမည်ပေးလိုက်ပြီ “လွန်းသွေးဖြူ”လို့ ” ဆိုပြီး တူမသစ်လေးကို လွန်းသွေးဖြူလို့ နာမည်ပေးခဲ့ကြောင်း ပြောလာပါတယ်။

ပိုင်တံခွန်ကတော့ တူမသစ်လေးကို ကိုယ်တိုင်နာမည်ပေးခဲ့ပြီး မိသားစုဝင်တွေကလည်း ပိုင်တံခွန်ပေးတဲ့ နာမည်သစ်လေးကို ကျေကျေနပ်နပ်လက်ခံခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တူမသစ်လေးရလို့ ပျော်ရွှင်နေတဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Paing Takhon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ခ်စ္စရာေကာင္းစြာေမြးဖြားလာခဲ့တဲ့ တူမအသစ္ေလးကို ေမြးေမြးခ်င္းမွာပဲ ကိုယ္တိုင္နာမည္ေပးခဲ့တဲ့ ပိုင္တံခြန္

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ပိုင္တံခြန္က ႀကံ့ခိုင္သန္စြမ္းၿပီး ေယာက်ာ္းပီသတာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိထားတာ ျဖစ္ပါတယ္။ ႐ုပ္ေခ်ာသလို စိတ္ထားေလးလည္း ေကာင္းတဲ့ ပိုင္တံခြန္ဟာ ပရိသတ္ေတြအတြက္သာမက သူ့ရဲ့ပထမဦးစားေပး မိသားစုအေပၚမွာလည္း တာဝန္ေက်ပြန္သူတစ္ေယာက္ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ့ မိသားစုဝင္ေတြကလည္း သားတစ္ေယာက္ ညီတစ္ေယာက္ ေမာင္တစ္ေယာက္အျဖစ္ အဘက္ဘက္က တာဝန္ေက်ပြန္တဲ့ ပိုင္တံခြန္ကို အျမဲတမ္းခ်ီးမြမ္းေလ့ရိွတာပဲျဖစ္ပါတယ္။

မေန့က ေမလ (၁၁) ရက္ေန့မွာေတာ့ ပိုင္တံခြန္ဟာ သူ့ရဲ့အစ္ကိုအၾကီးဆံုး နုိင္တံခြန္ရဲ့ သမီးေလး တူမသစ္ေလးတစ္ေယာက္ကို ပိုင္ဆိုင္ခဲ့ပါတယ္။ ပိုင္တံခြန္က တူမေလးေမြးျပီးျပီးခ်င္းမွာပဲ တူမေလးနဲ့ အမွတ္တရဓာတ္ပံုေလးရိုက္ျပီး “တူမေလး ဒီေန့ေမြးတာ ကိုနုိင္တံခြန္ရဲ့ သမီးဦး.. သူ့အေဖ အေမ ဘာပဲေပးေပး ကိုယ္တုိင္နာမည္ေပးလိုက္ျပီ “လြန္းေသြးျဖဴ”လို့ ” ဆုိျပီး တူမသစ္ေလးကို လြန္းေသြးျဖဴလို့ နာမည္ေပးခဲ့ေၾကာင္း ေျပာလာပါတယ္။

ပိုင္တံခြန္ကေတာ့ တူမသစ္ေလးကို ကိုယ္တုိင္နာမည္ေပးခဲ့ျပီး မိသားစုဝင္ေတြကလည္း ပိုင္တံခြန္ေပးတဲ့ နာမည္သစ္ေလးကို ေက်ေက်နပ္နပ္လက္ခံခဲ့ၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း တူမသစ္ေလးရလို့ ေပ်ာ္ရႊင္ေနတဲ့ ပိုင္တံခြန္ရဲ့ ပံုရိပ္ေလးကိုၾကည့္ျပီး ေက်နပ္ၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Yolo
Source: Paing Takhon ‘s fb

error: Alert: Content is protected !!