ခံစားချက်ထည့်ပြီးလုပ်ရတဲ့ အနုပညာအလုပ်တွေမလုပ်တော့ဘူးလို့ပြောမိချိန်က ဒေါင်းဆီကနေ အဆူခံခဲ့ရဖူးကြောင်းပြောပြလာတဲ့ မြတ်နိုးအေး

သရုပ်ဆောင် မြတ်နိုးအေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခါစမှာပဲ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သူမရဲ့အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပြီး တောထဲမှာပဲ စစ်အာဏာရှင်တစ်သိုက်ကို သူမတတ်နိုင်တဲ့နည်းလမ်းနဲ့ တော်လှန်ခဲ့တာပဲ ဖြစ်ပါတယ်။ အရင်လို ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် တော်လှန်ရေးဇာတ်ကားတွေကိုရိုက်ကူးနေဆဲဖြစ်တဲ့ မြတ်နိုးအေးဟာ သူမအနေနဲ့ လွတ်မြောက်နယ်မြေမှာ စိတ်ဓာတ်တွေကျခဲ့စဉ်က အနုပညာညီအစ်ကိုမောင်နှမတွေဆီကနေ ဖေးမမှုတွေရရှိခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

မြတ်နိုးအေးက “လွန်ခဲ့တဲ့ တစ်နှစ် ဒီလိုချိန်လောက်ပဲ အနုပညာရှင်တွေနဲ့ လူကြီးတွေ မီတင်တစ်ခု လုပ်ခဲ့ကြတာပေါ့လေ။ လူကလည်း emotional တွေဖြစ် ups and downs တွေနဲ့ သိပ်ကျပ်မပြည့်နေတော့ ပေါတောတော ထပြောမိတာ ခုထိမှတ်မိနေသေးတယ် 😅 “သမီး emotion ထည့်ပြီး လုပ်ရတဲ့ အနုပညာတွေတော့ ပြန်မလုပ်ချင်တော့ဘူး၊ သရုပ်ဆောင်တာကလွဲရင် emotion မထည့်ရတဲ့ သတင်းကြေညာတာမျိုး ၊ ပွဲတွေမှာ host လုပ်ရတာမျိုးတွေပဲ ကူပါ့မယ်” ဆိုပြီး😅 ဘယ်ပြောကောင်းမလဲ .. အနုပညာသမားက အနုပညာမလုပ်ရင် ဘာလုပ်မှာလဲ၊ အဲ့လို စိတ်မျိုးထားတာ မကောင်းဘူးဆိုပြီး ထိပ်ဆုံးကနေ အဆူခံလိုက်ရတာ ကိုဒေါင်းဆီက 😅 နားလည်ပါတယ်ဆိုပြီး အားပေးတဲ့ ကိုယ့်အစ်မတွေက အားပေး နဲ့ .. လူက အစ်ကိုတွေ အစ်မတွေကြားထဲမှာ ယက်ကန်ယက်ကန်နဲ့ပေါ့ 😂 အဆူခံထိတော့ ဘူကလည်း ဘူသေးတာပေါ့လေ 😜 အဲ့ဒါနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ မီတင်တွေလုပ်ပြီး သိပ်မကြာဘူး နိုင်ငံပျောက်သူ လေး ကိုဏကြီးတို့ ရိုက်ဖို့ဖြစ်လာရော ၊ တကယ်ကို အခက်အခဲတွေကြားထဲက ဖြစ်အောင် လုပ်ခဲ့ကြတဲ့ short film လေး။ ရှုတင်သွားလည်တဲ့အချိန် စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာကြီး.. ဪ အရင်ကဆို ပစ္စည်းအစုံအလင် အထောက်အပံ့အပြည့်နဲ့ ခမ်းခမ်းနားနား ရိုက်လေ့ရှိကြတဲ့ သူတွေက ခုဆို ပစ္စည်းမစုံမလင်၊ လူတစ်ယောက်ကို role နှစ်ခု၊သုံးခု နေရာထမ်းပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကြရတာကိုကြည့်ပြီး ဝမ်းနည်းသလိုဖြစ်တာကတစ်ပိုင်း… ဒီလိုအခြေအနေမှာတောင် ပညာတွေကမနေတော့ ဖြစ်အောင်လုပ်နိုင်ကြတဲ့ ကိုယ့်အစ်ကိုတွေ အစ်မတွေကြည့်ပြီး ရိုက်ကူးရေးပြန်လုပ်ဖို့ မိုတီတွေ ပြန်ရလာတာတော့ တကယ်ငြင်းမရဘူး။”

“အဲ့နောက်ပိုင်းမှာမှ ဇာတ်လမ်းတိုလေးတွေ၊ တခြားအနုပညာလှုပ်ရှားမှုလေးတွေ မှာ စ ပြီး ပါလာပေးနိုင်ခဲ့တာ .. ကိုဏကြီးတို့ မသုတို့ ကိုဒေါင်းတို့ က ပေးတဲ့ မိုတီဗေးရှင်း တွေကြောင့်ပဲ။ နိုင်ငံပျောက်သူလေး quality တစ်ခုအနေနဲ့ ထွက်လာတော့ အရမ်းကို ဂုဏ်ယူနိုင်ခဲ့ရတာကနေ … ခုဆို “မပြီးသေးဘူး… ငါတို့အလှည့်ကျန်သေးတယ်” ဆိုတာလေးအထိပေါ့.. ကြည့်ပြီးသွားတဲ့အချိန် ခံစားချက်မျိုးစုံ ကို ကျန်ခဲ့ရလောက်အောင် ဒီလိုအခြေအနေမှာ တင်ဆက်သွားနိုင်တာ.. ခုချိန် ဒီတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အနုပညာသမားတစ်ယောက်အနေနဲ့တော့ တကယ့်အားပဲ… ငါတို့ဘက်မှာ ဒီလို quality ရှိတဲ့ အနုပညာတွေ တင်ဆက်နိုင်တဲ့ သူတွေရှိသေးတယ်ကွ ဆိုပြီး …လစ်လပ်တဲ့ နေရာတွေမှာ အစားထိုးပြီး ဖြစ်သလို လုယူလုပ်စားနေကြတဲ့ အသိုင်းအဝိုင်းတစ်ခုကို သိပ်ပြချင်တာပဲ.. လိုအပ်တာထပ်ပိုပြီး normalize လုပ်ပေးနေကြတဲ့ အသိုင်းအဝိုင်းတစ်စုပေါ့လေ။ Anyway… Kudos to the team ပါ ✨ “နိုင်ငံပျောက်သူ”ကနေ အနုပညာနဲ့ စတော်လှန်ခဲ့တာကနေ “guilty as alive”, ခု “မပြီးသေးဘူး..ငါတို့အလှည့်ကျန်သေးတယ်” အထိ ရင်ထဲထိအောင် တကယ်ရိုက်ပြနိုင်ခဲ့တာတွေအတွက် congratulations ပါ ကိုဏကြီးနဲ့ မသု 💙 and thanks to both of you for being such an inspiration to me ✨” ဆိုပြီးပြောလာပါတယ်။

မြတ်နိုးအေးကတော့ သူမကိုယ်တိုင်လည်း တော်လှန်ရေးဇာတ်ကားတစ်ကားရိုက်ကူးခဲ့သလို စီနီယာအစ်ကိုအစ်မတွေရဲ့ ဇာတ်ကားသစ်တွေထွက်ရှိတိုင်းမှာလည်း တကယ့်ကိုဝမ်းသာအားရ ဂုဏ်ပြုပေးတတ်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Noe Aye’s fb

error: Alert: Content is protected !!