ခေတ်လူငယ်တစ်ယောက်ဆိုပေမယ့် စောင်းတီးခတ်တဲ့ပညာကိုလည်း ပိုင်နိုင်ကျွမ်းကျင်ကြောင်းပြသလာတဲ့ မေလသံစဉ်

ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာလည်းကောင်းတဲ့ မေလသံစဉ်ကတော့ လူငယ်ပေမယ့် အနုပညာပါရမီမသေးသူတစ်ယောက်ဖြစ်ပါတယ်။ မေလသံစဉ်ဟာ ငယ်စဉ်ကလေးဘဝကတည်းက အနုပညာလမ်းခရီးကိုလျှောက်လှမ်းခဲ့သူတစ်ယောက်ဖြစ်ပြီး အခုလက်ရှိဆယ်ကျော်သက်အရွယ်မှာလည်း အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေလျက်ရှိပြီပဲဖြစ်ပါတယ်။

ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အနုပညာနဲ့ပတ်သက်လာရင် အရာအားလုံးကို စူးစမ်းလေ့လာပြီး တူရိယာမျိုးစုံကိုလည်းတီးခတ်တတ်တဲ့ မေလသံစဉ်ဟာ ဒီတစ်ခါမှာလည်း သူမရဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာခဲ့ပါတယ်။ မေလသံစဉ်က သူမကိုယ်တိုင် စောင်းလေးပိုက်ကာ ပိုင်ပိုင်နိုင်နိုင်တီးခတ်ထားတဲ့ ဗီဒီယိုလေးကိုမျှဝေကာ “စိတ်ညစ်ညစ်နဲ့ စောင်းတီးမိတယ် မဆူရဘူးနော် 😌” ဆိုပြီး အခုလိုပဲပြသလာပါတယ်။

မေလသံစဉ်ကတော့ အရွယ်လေးနဲ့မလိုက်အောင်ကို ဂီတပါရမီကြီးမားသူတစ်ယောက်ဖြစ်တဲ့ စွယ်စုံရအနုပညာရှင်လေးပါပဲ။ ပရိသတ်ကြီးလည်း မေလသံစဉ်ရဲ့ စောင်းသံစဉ်လေးတွေကို နားဆင်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: မေလသံစဉ် May Melody’s fb

error: Alert: Content is protected !!