သရုပ်ဆောင် ပိုင်တံခွန်ကတော့ လူသိများတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် မာန်မာနတွေ ပကာသနတွေမရှိပဲ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေတင်မကပဲ သူ့ရဲ့လက်တွေ့ဘဝက နေထိုင်မှုပုံစံဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ဖြစ်တည်မှုအတွက် ပရိသတ်တွေကို ရိုးရိုးသားသားချပြဖို့ ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။

နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုဖုံးကွယ်မထားတဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့ချစ်သူနဲ့ ပတ်သက်တာလေးတွေနဲ့ ပရိသတ်တွေကို အမြဲတမ်းသဘောကျစေသူဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့ချစ်သူကို စိတ်ပူနေတဲ့ ကောမန့်လေးကြောင့် ပရိသတ်တွေကို အားကျစေခဲ့ပါတယ်။ ပိုင်တံခွန်က သူ့ရဲ့ပိုစ့်အောက်မှာ ကောမန့်ပေးတဲ့ ချစ်သူကို “ဂရုစိုက်နော် ခရီးမှာ ” ဆိုပြီး ခရီးသွားနေတဲ့ချစ်သူကို ဂရုစိုက်ဖို့မှာကြားနေတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ချစ်သူနဲ့ လူသိရှင်ကြား Ro မနေပေမယ့် သူ့ရဲ့အတွင်းစိတ်ကတော့ ချစ်သူကိုစိတ်ပူတတ်ပြီး အရမ်းချစ်တတ်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့စုံတွဲလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ခရီးသွားနေတဲ့ချစ်သူကို အစစအရာရာဂရုစိုက်ဖို့ ပရိသတ်တွေရှေ့မှာပဲ သတိပေးခဲ့တဲ့ ပိုင်တံခွန်






error: Alert: Content is protected !!