ခရီးမသွားခင်လေးမှာ ချစ်သူအတွက် ပန်းစည်းလက်ဆောင်ပို့ပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ပိုင်တံခွန်
မင်းသားချော ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောရုံသာမကပဲ စိတ်နှလုံးသားလည်းကောင်းမွန်တာမို့ အဆင်းရော အချင်းပါပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်အပေါ် ပွင့်လင်းပြီး သူ့ရဲ့ဖြစ်တည်မှု ရပ်တည်မှုတွေကို ရိုးသားစွာချပြထားတဲ့ ပိုင်တံခွန်ဟာ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားခြင်းမရှိတာကို တွေ့ရပါတယ်။ ပိုင်တံခွန်တို့ချစ်သူနှစ်ယောက်ကတော့ အခုဆိုရင် ချစ်သူသက်တမ်းအတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေလည်း ခိုင်မာနေလျက်ရှိပြီဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ပိုင်တံခွန်ဟာ သူ့ရဲ့အလုပ်ကိစ္စအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်က သူခရီးမသွားခင် သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းလှတဲ့ ပန်းစည်းကြီးလက်ဆောင်ပေးပြီး Ro ခဲ့တာကို တွေ့ရပါတယ်။ ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးကတော့ ပိုင်တံခွန်လက်ဆောင်ပေးတဲ့ ပန်းစည်းကြီးကိုပွေ့ဖက်ပြီး သူမကို နေ့ရက်တိုင်းပျော်ရွှင်အောင်ထားပေးလို့ ကျေးဇူးတင်ပါတယ်ဆိုပြီး ရေးသားထားပါတယ်။
ပိုင်တံခွန်ကတော့ သူတို့ချစ်သူနှစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့မဟုတ်တာတောင်မှ သူခရီးမသွားခင်လေး ချစ်သူအတွက် ပန်းစည်းလက်ဆောင်ကြီး ပေးပို့ပေးခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ အနေအေးတယ်လို့ထင်ရပေမယ့် ချစ်သူအပေါ်မှာတော့ အရမ်းကိုဂရုစိုက်ပြီး ရိုမန့်တစ်ဆန်လွန်းသူတစ်ယောက်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lin Mya Phu’s fb