ခင်မင်ရင်းနှီးမှုကိုအခွင့်ကောင်းယူပြီး ကောင်းပြည့်ရဲ့နာမည်ကိုအသုံးချကာ ငွေကြေးလိမ်လည်သူအကြောင်း ဖော်ထုတ်လာတဲ့ သန္တာဗိုလ်
ဘိုရစ်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် သန္တာဗိုလ်ကတော့ အနုပညာလောကမှာ နာမည်ရပြီးသား မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ သရုပ်ဆောင် ကောင်းပြည့်ရဲ့ ချစ်သူလည်းဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သန္တာဗိုလ်ဟာ ချစ်သူကောင်းပြည့်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေကြေးလိမ်လည်သူအကြောင်းကို အများသိအောင် အခုလိုပဲ ထုတ်ပြောလာပါတယ်။
ကောင်းပြည့်ရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီး ငွေချေးသူအကြောင်းကို Juedy Jd ဆိုတဲ့အကောင့်က “သူများတွေဆီက ငွေလိမ်တောင်းပြီး ကောင်းပြည့်နာမည်ကို အကြိမ်ကြိမ်သုံးအလွဲသုံးစားလုပ်တဲ့ အကောင်ရေ ဒီလိုတွေအကြိမ်ကြိမ်လုပ်နေတာတောင် သနားလို့ပြန်ခေါ်ခဲ့တယ် ဒီတစ်ခါတော့ $ ရမ်းများသွားပီသိလား..သူ့ကိုငွေချေးတဲ့ဟာတွေလည်း $ ဦးနှောက်သုံးကျ KP ကိုယ်တိုင် ဖုန်းဆက်မချေး ဟိုကနာမည်လိမ်သုံးပြီးယူတာလည်းပေးကျတာပဲ ပြီးတော့ မရတော့မှဒီကိုလာတောင်းကျတယ်…အချေးအငှား $ ဇယားတွေ တစ်ခါမှမရှုပ်ဘူး အေး… တောင်းပန်ဖို့ ပြောထားလည်းမတောင်းပန် ဖုန်းမကိုင် $ ဖက်မလုပ် အဆောင်ထိလိုက်ဖမ်းတာတောင် ထွက်မတွေ့ရဲ သည်းခံနိုင်တဲ့ အဆင့်ကျော်သွားပီနော်😊”ဆိုပြီး ထိုသူရဲ့ ဓာတ်ပုံတွေနဲ့တကွ လူသိရှင်ကြားတင်လာခဲ့တာပဲဖြစ်ပါတယ်။
သန္တာဗိုလ်က အဆိုပါပိုစ့်ကို Share ပြီး “Kyaw Zin Win ခေါ် ကုလားလေး $ ရမ်းလွန်လို့တင်တာ…မိသားစုလို သူငယ်ချင်းလိုပေါင်းသင်းဆက်ဆံပေးခဲ့တာနဲ့ မတန်ဘူး🖕🏻 အားလုံးရှောင်လို့ရအောင်ပါ”ဆိုပြီး ကောင်းပြည့်ရဲ့ နာမည်ကိုဖျက်သူအကြောင်းကို အားလုံးရှောင်ရှားလို့ရအောင် သတိပေးခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thandar Bo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Thandar Bo’s fb