ခင်ပွန်းသည် ညိုလင်းထက်နဲ့ ကြော်ငြာတွေပြန်ရိုက်ပေးဖို့ လာကမ်းလှမ်းတာ (၄) ခုတိတိရှိနေပြီဆိုတဲ့ သူရီလင်းသစ်

တချိန်က ကြော်ငြာတွေ၊ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး သူရီလင်းသစ်နဲ့ မင်းသား ညိုလင်းထက်ကို ပရိသတ်ကြီးမှတ်မိကြဦးမယ် ထင်ပါတယ်။ သူရီလင်းသစ်နဲ့ ညိုလင်းထက်တို့ဟာ အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေရရှိနေဆဲအချိန်မှာပဲ လက်ထပ်ခဲ့ကြပြီး ရင်သွေးလေးတွေရလာတာကြောင့် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် သားလေး ဟန်ဘုန်းထက်ကြောင့် ပရိသတ်တွေကြားပြန်လည်ပေါ်ထွက်လာခဲ့တဲ့ သူရီလင်းသစ်နဲ့ ညိုလင်းထက်တို့ဟာ အရင်ကအောင်မြင်ခဲ့တဲ့ အရှိန်အဝါတွေကြောင့် ကြော်ငြာရိုက်ဖို့ လာကမ်းလှမ်းတာ (၄) ခုတောင်ရှိပြီလို့ပြောလာပါတယ်။

သူရီလင်းသစ်က “ကျွန်မတို့ နှစ်ယောက်ကို ကြော်ငြာရိုက်ဖို့ လာပြောတာ ၄ခုရှိပြီ ကြွားတာမဟုတ်ပါ🙈🙉🙊တကယ်တော့ ကျွန်မတို့က အသက်တွေကြီးပြီး ဖိုးဝရုပ်တွေဖြစ်နေကြပြီ 🙆🙆‍♂️ ချစ်တဲ့သူတွေက စုံတွဲပုံမြင်ရတော့ ဂုဏ်ပြုပေးကြလို့ပါ ✌️✌️ ခုခေတ်ထဲ မလွယ်ကူတော့တဲ့ ကိစ္စများစွာကို ကျွန်မတို့ တွန်းလှန်ကြရပါတယ် 🤛🤜 ကြော်ငြာရိုက်ရတဲ့ထိ မလှပနိုင်တော့ပေမဲ့ ချစ်ခင်မှုကြောင့် ကမ်းလှမ်းပေးကြလို့ အထူးကျေးဇူးပါ 😘 မရိုက်ဖြစ်ရခြင်းကလည်း ကျွန်မရဲ့ကျန်းမာရေးကြောင့်ပါ 😢 မိသားစုလိုက် ကြော်ငြာကို ရိုက်စေချင်သူတွေကို တောင်းပန်ပါတယ်နော် 🙏 ကျွန်မ နဲ့ ကိုညိုကို နတ်ရေကန်ရှိရင် လမ်းညွှန်ပေးကြပါနော် 😂” ဆိုပြီးပြောလာပါတယ်။

သူရီလင်းသစ်ကတော့ သူမတို့ဇနီးမောင်နှံအနေနဲ့ ကြော်ငြာတွေမရိုက်ဖြစ်ရတာဟာ သူမရဲ့ကျန်းမာရေးကြောင့်လည်းဖြစ်သလို နှစ်ယောက်စလုံးက အလုပ်တွေကိုယ်စီလုပ်ကိုင်နေတာမို့ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ကို အချိန်မပေးနိုင်တော့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသားနဲ့ မင်းသမီးကို ဒီနေ့ဒီအချိန်ထိ သတိရနေကြဆဲပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thuri Linthit ‘s fb

error: Alert: Content is protected !!