ခင်ပွန်းဖြစ်သူဦးသန်းထွဋ် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်မှာ သတိရခြင်းများစွာနဲ့ ကုသိုလ်တွေပြုပေးခဲ့တဲ့ ဝါဝါဝင်းရွှေ

သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်သလို အမျိုးသမီဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ အနုပညာလောကရဲ့ စွယ်စုံရမင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းကလည်း အားလုံးသိပြီးသားအတိုင်း ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးဆရာကြီး ဦးသန်းထွဋ်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၃) ရက်နေ့ကတော့ ဦးသန်းထွဋ် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်နေ့လေးပဲဖြစ်ပြီး ဝါဝါဝင်းရွှေက ကွယ်လွန်လေပြီးတဲ့ သူမရဲ့ ခင်ပွန်းအတွက် သတိရခြင်းများစွာနဲ့ ကုသိုလ်တွေပြုပေးဖြစ်တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“နှစ်ပေါင်း ၅၀ လက်ခြင်းတွဲခဲ့ကြပေမဲ့ လက်တွဲပြုတ်ပြီးအဝေးဆုံးကိုထွက်ခွာသွားလေသူကြီးရေ.. ကျန်ခဲ့သူမှာတော့ နေ့ ည မပြတ် သတိရ လွမ်းဆွတ်ခဲ့ရတာ ဒီနေ့ ( ၃ ) နှစ်ပြည့်ခဲ့ပြီပေါ့။ ဒယ်ဒီကတော့ အေးချမ်းတဲ့ဘုံဘဝကိုရောက်ရှိနေမှာပါ။ တို့ကတော့ ဘဝဇာတ်ခုံပေါ်မှာ ကခုန်နေရဆဲပါ ဒယ်ဒီရယ်။ ဒါန သီလ ဘာဝနာ တရားတွေကို လက်ကိုင်ထားပြီး နေ့စဉ် လစဉ် နှစ်စဉ် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒယ်ဒီနဲ့အတူလှူခဲ့ကြတဲ့ ပဉ္နနိကာယ် ကျောင်း တိုက်ကနာယကဆရာတော်ကြီးတွေကိုပင့်ပြီး ဝါဆိုသင်ကန်း ဝါဆိုဆွမ်း နဲ့ နဝကမ္မ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဤကောင်းမှုတို့ကို ဘဝဟောင်းစွန့်ပြီး ဘဝသစ်သို့ကူးပြောင်းသွားသူ ဒယ်ဒီ နဲ့တကွ ဘဝသံသရာပေါင်းများစွာ မှတော်စပ်ခဲ့ဘူးကြသော ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်းအား အမျှပေးဝေလိုက်ပါတယ်။ ဒယ်ဒီမြင့်သထက်မြင့်သောဘုံဘဝကိုရောက်ရှိနိုင်ပါစေ” ဆိုပြီး သူမရဲ့ ကုသိုလ်ကို မျှဝေပေးခဲ့ပါတယ်။

ဝါဝါဝင်းရွှေကတော့ ခင်ပွန်းဖြစ်သူကို နေ့စဉ်နေ့တိုင်း သတိရနေသလို ခင်ပွန်းအတွက်ရည်စူးပြီးလည်း ကုသိုလ်တွေအမြဲမပြတ်ပြုလုပ်ပေးနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါဝါဝင်းရွှေတို့ မိသားစုရဲ့ ကုသိုလ်တွေကိုကြည့်ပြီး ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wa Wa Win Shwe ‘s fb

error: Alert: Content is protected !!