ခင်ပွန်းဖြစ်သူရဲ့ အသက်ကိုကယ်တင်နိုင်ဖို့ အောက်စီဂျင်အိုး အသည်းအသန်ရှာဖွေခဲ့တဲ့အချိန်တွေကို ပြောပြလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမအပေါ် အရမ်းချစ်ပြီး အနွံတာခံသလို သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် (၄) နှစ်အကြာမှာ သေကွဲကွဲခဲ့ရတာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ခင်ပွန်းကို နောက်ဆုံးအချိန်ထိ အကောင်းဆုံးပြုစုပေးခဲ့ပေမယ့် ကိုတာတာမျိုးကတော့ ကံမကောင်းစွာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နန်းမြတ်ဖြိုးသင်းက မနှစ်က သူမအောက်စီဂျင်အိုးရှာခဲ့တဲ့ပို့စ်လေးကို Share ပြီး “မနှစ်ကအောက်စီဂျင်အိုးရှာရတာ စိတ်တွေပင်ပန်းလိုက်တာ။ Online ကနေရှာတော့ညနေရမယ်ဆိုလို့ငွေလွှဲလိုက်တာ တခါတည်းလိမ်သွားတာပါပဲ။ နောက်တော့အမဆီကနေအိုးကရလိုက်ပါတယ်။ ဒါပေမယ့်လဲစိတ်ပူလို့နောက်နေ့မှာဆေးရုံတင်လိုက်တာပဲ။ အဲ့တည်းကfbမသုံးဖြစ်တော့ပဲဆေးရုံမှာသူနဲ့ကိုယ်နှစ်ယောက်တည်းကြိုးစားပြုစုခဲ့လိုက်တာဆုံးတဲ့အထိပဲပေါ့လေ။ အဲ့အချိန်တွေကိုတွေးတာနဲ့တင်အသက်ရှူကြပ်တယ်။ ခုတော့တစ်နှစ်ပြည့်ခဲ့ပြီပေါ့” ဆိုပြီး အမှတ်တရဟောင်းတွေပြောပြလာပါတယ်။
နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ဦးစီးခင်ပွန်းသည်ကွယ်လွန်သွားပြီးနောက်မှာ သားနဲ့သမီးကို အကောင်းဆုံးပြုစုစောင့်ရှောက်ရင်း ဖခင်တာဝန်ရော မိခင်တာဝန်တွေကိုပါ ထမ်းရွက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ နန်းမြတ်တစ်ယောက် သားသမီးလေးတွေကို ပြုစုပျိုးထောင်ပေးရင်း ပျော်ရွှင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nann Myat Phyo Thinn ‘s fb