ခင်ပွန်းဖြစ်သူရဲ့ ငွေကြေးအရှုပ်အရှင်းတွေကို လက်မခံနိုင်တာကြောင့် တရားဝင်ကွာရှင်းပြတ်ဆဲလိုက်ပြီဆိုတဲ့ အကယ်ဒမီမို့မို့မြင့်အောင်

နိုင်ငံကျော် အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ ခေတ်သုံးခေတ်တိုင် အောင်မြင်မှုအပေါင်းသရဖူဆောင်းထားနိုင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးကြီးတစ်လက်ပါပဲ။ လက်ရှိမှာတော့ မို့မို့မြင့်အောင်က နိုင်ငံရေးအခြေအနေတွေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး ပရိသတ်ရှေ့မှောက်ကိုလည်း ထွက်လာခြင်းမရှိတာကို တွေ့ရပါတယ်။ မို့မို့မြင့်အောင်ဟာ အချိန်အတော်ကြာပျောက်ကွယ်နေခဲ့ပြီးမှ သူမရဲ့ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းကြောင်း ကြေငြာစာကို သတင်းစာထဲမှာ ထည့်ပြီး ကြေငြာခဲ့တာကို တွေ့ရပါတယ်။   

အဆိုပါကြေငြာချက်မှာ “ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် (၁၂/တမန(နိုင်)၀၆၁၇၀၀) နှင့် ဦးမောင်မောင်ကျော် (၁၂/တမန(နိုင်)၀၆၁၆၉၉) တို့သည် (၁၇-၂-၁၉၈၇) မှစ၍ တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ပါသည်။ ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင်သည် ခင်ပွန်းသည်အား မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့ပါသည်။ သို့သော် ဦးမောင်မောင်ကျော်သည် ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း သိရှိရသောအခါ ကျွန်ုပ်မိတ်ဆွေမှ လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိပါ၍ နှစ်ဦးသဘောတူညီထက်အရ (၂၄-၁၁-၂၀၂၂) နေ့ ၌ မြို့နယ်တရားသူကြီး အမှတ် (၂) စည်ပင်သာယာတရားရုံး လသာမြို့နယ်တွင် တရားဝင်ကွာရှင်းပြီးဖြစ်ပါသည်။ သို့ပါ၍ ပေါင်းသင်းစဉ်ကာလအတွင်း ကျွန်ုပ်မိတ်ဆွေ ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော် ကျူးလွန်ခဲ့သော ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်းထပ်မံကျူးလွန်ပါက ယင်းငွေကြေးကိစ္စရပ်များအား ကျွန်ုပ်မိတ်ဆွေဒေါ်မို့မို့မြင်အောင်တွင် လုံးဝတာဝန်မရှိပါသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါမယ် မဟုတ်ပါကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် ကြေငြာအပ်ပါသည်။ (မေးမြန်းစုံစမ်းခြင်းသည်းခံပါ)” ဆိုပြီး ရှေ့နေကနေတဆင့် သတင်းစာမှာ ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။

မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံကတော့ နှစ်ပေါင်း (၃၅) နှစ်တိုင် ပေါင်းဖက်ခဲ့ပြီးမှ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ခွင့်မလွှတ်နိုင်စရာတွေဖြစ်ခဲ့တာကြောင့် တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Moh Moh Myint Aung’s fb

error: Alert: Content is protected !!