ခင်ပွန်းဖြစ်သူစိတ်မချနိုင်လောက်အောင် ကောင်လေးငယ်ငယ်ချောချောလေးနဲ့ အမိုက်စားရိုက်ကူးရေးလုပ်ခဲ့တဲ့ ချောရတနာ

မင်းသမီးချောလေး ချောရတနာကတော့ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ချောရတနာက အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဆိုပေမယ့် အပျိုလေးတစ်ယောက်လို နုနယ်လှပနေဆဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ချောရတနာက အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “အိပ်မက်ထဲကအိပ်မက်” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ကလေးနှစ်ယောက်မေမေဆိုပေမယ့် အရင်အတိုင်း လှပနုပျိုနေဆဲဖြစ်တဲ့ ချောရတနာက ဒီကနေ့မှာလည်း သူမရဲ့ဓာတ်ပုံရိုက်ကွင်းပေါ်က ဗီဒီယိုလေးတစ်ခုကို ပြသလာပါတယ်။ ချောရတနာက ငယ်ငယ်ချောချောကောင်လေးတစ်ယောက်နဲ့ အမိုက်စားရိုက်ကူးရေးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်နော်။

ချောရတနာကတော့ အလုပ်နဲ့ပတ်သက်လာရင် တိကျသေချာသလောက် မိသားစုအပေါ်မှာလည်း တာဝန်ကျေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချောရတနာရဲ့ အမိုက်စားပုံရိပ်တွေကိုကြည့်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chaw Yadanar’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!