ကွ-ယ် လွ-န်သူအစ်ကိုကြီး သီဟတင်စိုးရဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးစောင့်ရှောက်ဖို့ ကတိပေးလိုက်တဲ့ ခင်စံပယ်ဦး
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမင်းရဲ့ ဇနီးချော ခင်စံပယ်ဦးကတော့ ကိုယ်တိုင်အနုပညာအလုပ်တွေမလုပ်ကိုင်ပေမယ့် အနုပညာမျိုးရိုးရှိသူတစ်ယောက်ပါ။ ခင်စံပယ်ဦးရဲ့ အစ်ကိုတွေဖြစ်တဲ့ ဉာဏတင်စိုးဟာ ဒါရိုက်တာဖြစ်ပြီး သီဟတင်စိုးက သရုပ်ဆောင်နဲ့ မောင်ဖြစ်သူ စည်သူတင်စိုးကတော့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မနေ့က ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာတော့ သရုပ်ဆောင် သီဟတင်စိုးက ကွ-ယ်လွ-န်သွားခဲ့တာဖြစ်ပြီး ခင်စံပယ်ဦးကလည်း သွားလေသူအစ်ကိုကြီးအတွက် ဝမ်နည်းစကားဆိုလာခဲ့ပါတယ်။
ခင်စံပယ်ဦးက “ကိုညာဆုံးတာ၄လမပြည့်သေးဘူးကိုကြီးရေ.. အကိုတွေထဲမှာသဘောအကောင်းဆုံး.. မဇင်မာမဆုံးခင်ကသမီးကိုကလေးတွေကိုအပ်သွားတယ်၊အမေ့ကိုလည်းသမီးကနေတဆင့်တောင်းပန်ကန်တော့သွားတယ်။ အမေကကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့။ သမီးလေးစပယ်ဖူးငုံဦးကမဇင်မာမရှိတော့ကတည်းက သမီးတို့အိမ်မှာပဲနေတာ။ အခုတော့သူ့သမီးလေးကိုစိတ်ချထားသွားခဲ့ပြီ။ ကလေး၂ယောက်ကိုသမီးတို့အတတ်နိုင်ဆုံးစောင်ရှောက်ပါ့မယ်ကိုကြီးရေ.. အေးချမ်းတဲ့ဘုံဘဝကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်” ဆိုပြီး ဆုတောင်းပေးလာခဲ့ပါတယ်။
ခင်စံပယ်ဦးကတော့ အစ်ကိုအကြီးဆုံးနဲ့ အစ်ကိုအငယ်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးရှုံးခဲ့ရတာမို့ တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းနေရတာဖြစ်ပါတယ်။ ဉာဏတင်စိုးကတော့ လူပျိုကြီးဆိုပေမယ့် သီဟတင်စိုးကတော့ ကွ-ယ်လွ-န်သွားချိန်မှာ သားတစ်ယောက် နဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ayarwady Lu Min ‘s fb