အလှမယ်ခင်ဝင့်ဝါကတော့ Miss တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်ပြီး နေရာတစ်နေရာရရှိနေပြီပဲဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်း ဖြောင့်မတ်မှန်ကန်တဲ့ ခင်ဝင့်ဝါဟာ အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်တတ်ပြီး ဒီတစ်ခါမှာလည်း သူမရဲ့ ကွယ်လွန်သူ အဖိုးအဖွားအတွက် ရည်စူးပြီး ကုသိုလ်ပြုပေးဖြစ်တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

ခင်ဝင့်ဝါက “ဒီနေ့ဆို ဖွားဖွားကြီး ဆုံးတာ (၁၄)နှစ်တိတိပြည့်သွားပြီ။😔 ဘဘကြီးက ၃.၂.၂၀၁၂ မှာဆုံးတော့ အခုဆို (၁၀) နှစ်ကျော် သွားပြီပေါ့ 😔ဘဘကြီး နဲ့ ဖွားဖွားကြီး အတွက် နေ့စဉ် နှစ်တိုင်းရည်စူးအလှူတွေလုပ်ပေးခဲ့ပေမယ့် ကြီးကြီးမားမားတော့ မလှူပေးဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ဘဘကြီး နဲ့ဖွားဖွား ကြီးတို့ကို ရည်စူးပြီး ဝင့်ဝါသင်္ကြန်တုန်းကတရားစခန်းဝင်ခဲ့တဲ့ လိမ္မော်ခြံကျေးရွာ၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ သီလရှင်ဝိပဿနာ ကျောင်းမှာ တကယ့်ကို လိုအပ်နေတဲ့ အရာတစ်ခု ဖြစ်တဲ့ ဆွမ်းစားဆောင် ဆောက်လုပ်ရန် အတွက် မတည်အလှူငွေ သိန်း(၁၀၀) လှူဒါန်းခဲ့ပါသည်။ ရောက်ရာ ဘုံဘဝ မှ ဘဘကြီး နဲ့ ဖွားဖွားကြီးတို့ သာဓုခေါ်ဆိုနိုင်ပြီး ကုသိုလ်များထပ်တူရရှိနိုင်ကြပါစေ။🙏🏻 (၇)ရက်သားသမီး အားလုံးလည်း ကုသိုလ်ထပ်တူရရှိကြပါစေ။🙏🏻” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ခင်ဝင့်ဝါကတော့ ပြီးခဲ့တဲ့သင်္ကြန်ရက်တွေမှာလည်း တရားစခန်းဝင်ပြီး ကုသိုလ်ယူခဲ့သလို သူမဝင်ရောက်ခဲ့တဲ့ တရားစခန်းမှာ အမှန်တကယ်လိုအပ်နေတဲ့ ဆွမ်းစာဆောင်ဆောက်လုပ်ဖို့ သိန်း (၁၀၀) ကျပ်တိတိ မတည်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Khin Wint Wah ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ကြယ္လြန္သြားတဲ့ အဖိုးအဖြားေတြအတြက္ ရည္စူးၿပီး သီလရွင္ေက်ာင္းဆြမ္းစားေဆာင္အတြက္ သိန္း (၁၀၀) လႉဒါန္းခဲ့တဲ့ ခင္ဝင့္ဝါ

အလွမယ္ခင္ဝင့္ဝါကေတာ့ Miss တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကိုဝင္ေရာက္လာခဲ့တယ္ဆိုေပမယ့္ အခုဆိုရင္ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ၿပီး ေနရာတစ္ေနရာရရွိေနၿပီပဲျဖစ္ပါတယ္။ လူေလးလွသလို စိတ္ထားေလးလည္း ေျဖာင့္မတ္မွန္ကန္တဲ့ ခင္ဝင့္ဝါဟာ အလႉအတန္းေတြကိုလည္း မၾကာခဏဆိုသလို ျပဳလုပ္တတ္ၿပီး ဒီတစ္ခါမွာလည္း သူမရဲ႕ ကြယ္လြန္သူ အဖိုးအဖြားအတြက္ ရည္စူးၿပီး ကုသိုလ္ျပဳေပးျဖစ္တဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။

ခင္ဝင့္ဝါက “ဒီေန႔ဆို ဖြားဖြားႀကီး ဆုံးတာ (၁၄)ႏွစ္တိတိျပည့္သြားၿပီ။😔 ဘဘႀကီးက ၃.၂.၂၀၁၂ မွာဆုံးေတာ့ အခုဆို (၁၀) ႏွစ္ေက်ာ္ သြားၿပီေပါ့ 😔ဘဘႀကီး နဲ႔ ဖြားဖြားႀကီး အတြက္ ေန႔စဥ္ ႏွစ္တိုင္းရည္စူးအလႉေတြလုပ္ေပးခဲ့ေပမယ့္ ႀကီးႀကီးမားမားေတာ့ မလႉေပးျဖစ္ခဲ့ဘူး။ ဒီႏွစ္ေတာ့ ဘဘႀကီး နဲ႔ဖြားဖြား ႀကီးတို႔ကို ရည္စူးၿပီး ဝင့္ဝါသၾကၤန္တုန္းကတရားစခန္းဝင္ခဲ့တဲ့ လိေမၼာ္ၿခံေက်း႐ြာ၊ တိုက္ႀကီးၿမိဳ႕နယ္မွာရွိတဲ့ သီလရွင္ဝိပႆနာ ေက်ာင္းမွာ တကယ့္ကို လိုအပ္ေနတဲ့ အရာတစ္ခု ျဖစ္တဲ့ ဆြမ္းစားေဆာင္ ေဆာက္လုပ္ရန္ အတြက္ မတည္အလႉေငြ သိန္း(၁၀၀) လႉဒါန္းခဲ့ပါသည္။ ေရာက္ရာ ဘုံဘဝ မွ ဘဘႀကီး နဲ႔ ဖြားဖြားႀကီးတို႔ သာဓုေခၚဆိုႏိုင္ၿပီး ကုသိုလ္မ်ားထပ္တူရရွိႏိုင္ၾကပါေစ။🙏🏻 (၇)ရက္သားသမီး အားလုံးလည္း ကုသိုလ္ထပ္တူရရွိၾကပါေစ။🙏🏻” ဆိုၿပီး သူမရဲ႕ ကုသိုလ္ေလးကို မွ်ေဝေပးလာပါတယ္။

ခင္ဝင့္ဝါကေတာ့ ၿပီးခဲ့တဲ့သၾကၤန္ရက္ေတြမွာလည္း တရားစခန္းဝင္ၿပီး ကုသိုလ္ယူခဲ့သလို သူမဝင္ေရာက္ခဲ့တဲ့ တရားစခန္းမွာ အမွန္တကယ္လိုအပ္ေနတဲ့ ဆြမ္းစာေဆာင္ေဆာက္လုပ္ဖို႔ သိန္း (၁၀၀) က်ပ္တိတိ မတည္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Yolo
Source: Khin Wint Wah ‘s fb

error: Alert: Content is protected !!