ကွယ်လွန်သွားခဲ့တာ တစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ်တဲ့ ရေမွန်အတွက်ရည်စူးပြီး မြောက်ဥက္ကလာပဆေးရုံမှာ အာဟာရဒါနအလှူလုပ်ခဲ့တဲ့ ကျန်ရစ်သူမိသားစု

တစ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ အဆိုတော်ရေမွန်ကတော့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အောက်မေ့သတိရခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန့်ရဲ့ မိသားစုဝင်တွေကတော့ ရေမွန့်ကိုသတိရနေဆဲဖြစ်ပြီး ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ (၂၃) ရက်နေ့၊ ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အနေနဲ့ သူ့ရဲ့ကျန်ရစ်သူမိသားစုက သူ့အတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အနေနဲ့ သူ့ရဲ့မိခင် ခင်မြတ်မွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့က “ကွယ်လွန်သူ တေးသံရှင် Raymond(Idiots) (တစ်နှစ်ပြည့်)အားရည်စူး၍ ကျန်ရစ်သူမိသားစုကောင်းမှု🖤 မြောက်ဥက္ကလာပဆေးရုံ အာဟာရဒါနကြက်သားဆန်ပြုတ်အလှူ ▪︎ကြက်သားဆန်ပြုတ်(၃)အိုး ▪︎ကြက်ဥပြုတ် (၃၀၀)လုံး ▪︎ကွေကာအုပ် (၃၀၀)ထုတ် ” တို့ကို လှူဒါန်းခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ရေမွန့်ရဲ့မိသားစုဝင်တွေကတော့ ရေမွန့်အတွက် လစဉ်လတိုင်း ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးနေလျက်ရှိပြီး ရေမွန့်ကိုချစ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကလည်း ရေမွန့်အတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။ ရေမွန်ကတော့ ချစ်တဲ့သူတွေပြုပေးတဲ့ ကုသိုလ်တွေအတွက် ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနေမယ်ဆိုတာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar’s fb

error: Alert: Content is protected !!