ကွယ်လွန်သူ သီဟတင်စိုးအတွက် ရက်လည်ကုသိုလ်အဖြစ် ဘုန်းကြီးကျောင်းမှာ အလှူလုပ်အမျှဝေခဲ့ကြတဲ့ လူမင်နဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံ
တော်လှန်ရေးနဲ့ မျိုးချစ်ဇာတ်ကားတွေအမျာဆုံးရိုက်ကူးသူမို့ တော်လှန်ရေးမင်းသားကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားကြီး သီဟတင်စိုးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်ဒမီ သီဟတင်စိုးကွယ်လွန်ခြင်းအတွက် သူ့ရဲ့ပရိသတ်တွေက ဝမ်းနည်းစိတ်မကောင်းဖြစ်ကြသလို ကျန်ရစ်သူမိသားစုကလည် တော်တော်လေးစိတ်ထိခိုက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
မနေ့က ဖေဖော်ဝါရီလ (၂၇) ရက်နေ့ကတော့ သီဟတင်စိုးကွယ်လွန်တာ (၇) ရက်ပြည့်တဲ့ ရက်လည်နေ့ပဲ ဖြစ်ပါတယ်။ သီဟတင်စိုးအတွက် သူ့ရဲ့သားနဲ့သမီးကလည်း နေအိမ်မှာရက်လည်ဆွမ်းကပ်ခဲ့သလို သီဟတင်စိုးရဲ့အမေနဲ့ ညီဖြစ်သူ စည်သူတင်စိုး၊ ညီမဖြစ်သူ ခင်စံပယ်ဦးနဲ့ လူမင်းတို့ ဇနီးမောင်နှံကလည်း ဘုန်းကြီးကျောင်းမှာ ရက်လည်ကုသိုလ်ပြုပေးခဲ့တာကိုတွေ့ရပါတယ်။
သီဟတင်စိုးကတော့ ကွယ်လွန်ချိန်မှာ အသက် (၅၇) နှစ်သာရှိသေးပြီး နှလုံးရောဂါအခံကြောင့် ရုတ်တရက်ဆိုသလို ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ချစ်သောမင်းသားကြီး အကယ်ဒမီသီဟတင်စိုး ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: U Soe Gyi ‘s fb