ကွယ်လွန်သူဖခင်ကြီးအတွက်ရည်စူးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ငွေကျပ် (၃၇) သိန်းဖိုး လှူဒါန်းခဲ့တဲ့ နန်းမွေစံ

ဆက်စီမော်ဒယ်လ်တစ်ဦးဖြစ်သူ နန်းမွေစံကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပက Fan တွေများစွာကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လူသိများတဲ့ ဆယ်လီမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ နန်းမွေစံဟာ လွတ်လွတ်လပ်လပ်နေထိုင်တတ်တယ်ဆိုပေမယ့် မိသားစုကိုအရမ်းချစ်ပြီး မိသားစုအပေါ်လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းမွေစံက သူမရဲ့ကွယ်လွန်သူဖခင်ကြီးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးဖြစ်ခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

နန်းမွေစံက “မွေစံရဲ့ဖခင် ဒေါက်တာစိုင်းစံဝင်း အားရည်စူး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးပညာဌာန ဆေးကုသဆောင် ၁ တွင်လိုအပ်သော ကုသရေးဆိုင်ရာ လှူဒါန်းငွေ ၁၅ သိန်းကျပ်တိတိ၊ ငွေကျပ် ၂၁ သိန်းတန်ဖိုးရှိသော Oxygen Concentrator စက်တစ်လုံး၊ ၈ သောင်းခွဲတန် Cammode Chair တစ်ခုတို့ကို လှူဒါန်းခဲ့ပါတယ်🙏🏻🙏🏻🙏🏻 The loss of my father will always sting. But now, everything that I do is in honor of him.💗” ဆိုပြီး သူမပြုခဲ့သမျှ ကုသိုလ်အစုစုကို မျှဝေပြောပြလာပါတယ်။

နန်းမွေစံကတော့ သူမရဲ့ဖခင်ကြီးကို နောက်ဆုံးအချိန်ထိ ဆေးကုသပေးခဲ့တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ် (၁၅) သိန်းနဲ့ အခြားသောဆေးဝါးပစ္စည်းတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ နန်းမွေစံရဲ့ဖေဖေလည်း သမီးလေးပြုပေးသမျှ ကုသိုလ်တွေအတွက် ဝမ်းမြောက်စွာသာဓုခေါ်ဆိုနေမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nang Mwe San’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ကြယ္လြန္သူဖခင္ႀကီးအတြက္ရည္စူးၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေငြက်ပ္ (၃၇) သိန္းဖိုး လႉဒါန္းခဲ့တဲ့ နန္းေမြစံ

ဆက္စီေမာ္ဒယ္လ္တစ္ဦးျဖစ္သူ နန္းေမြစံကေတာ့ ျပည္တြင္းပရိသတ္ေတြသာမက ျပည္ပက Fan ေတြမ်ားစြာကိုလည္း ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ လူသိမ်ားတဲ့ ဆယ္လီေမာ္ဒယ္လ္တစ္ဦးျဖစ္တဲ့ နန္းေမြစံဟာ လြတ္လြတ္လပ္လပ္ေနထိုင္တတ္တယ္ဆိုေပမယ့္ မိသားစုကိုအရမ္းခ်စ္ၿပီး မိသားစုအေပၚလိုအပ္တာမွန္သမွ်ကို ျဖည့္ဆည္းေပးေနတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ နန္းေမြစံက သူမရဲ႕ကြယ္လြန္သူဖခင္ႀကီးအတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ေပးျဖစ္ခဲ့ေၾကာင္း အခုလိုပဲေျပာလာပါတယ္။

နန္းေမြစံက “ေမြစံရဲ႕ဖခင္ ေဒါက္တာစိုင္းစံဝင္း အားရည္စူး၍ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ေဆးပညာဌာန ေဆးကုသေဆာင္ ၁ တြင္လိုအပ္ေသာ ကုသေရးဆိုင္ရာ လႉဒါန္းေငြ ၁၅ သိန္းက်ပ္တိတိ၊ ေငြက်ပ္ ၂၁ သိန္းတန္ဖိုးရွိေသာ Oxygen Concentrator စက္တစ္လုံး၊ ၈ ေသာင္းခြဲတန္ Cammode Chair တစ္ခုတို႔ကို လႉဒါန္းခဲ့ပါတယ္🙏🏻🙏🏻🙏🏻 The loss of my father will always sting. But now, everything that I do is in honor of him.💗” ဆိုျပီး သူမျပဳခဲ့သမွ် ကုသိုလ္အစုစုကို မွ်ေဝေျပာျပလာပါတယ္။

နန္းေမြစံကေတာ့ သူမရဲ့ဖခင္ၾကီးကို ေနာက္ဆံုးအခ်ိန္ထိ ေဆးကုသေပးခဲ့တဲ့ ရန္ကုန္ျပည္သူ့ေဆးရံုၾကီးအတြက္ ေငြက်ပ္ (၁၅) သိန္းနဲ့ အျခားေသာေဆးဝါးပစၥည္းေတြကို လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ နန္းေမြစံရဲ့ေဖေဖလည္း သမီးေလးျပဳေပးသမွ် ကုသိုလ္ေတြအတြက္ ဝမ္းေျမာက္စြာသာဓုေခၚဆိုေနမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Nang Mwe San’s fb

error: Alert: Content is protected !!