ကွယ်လွန်လေပြီးတဲ့ အဘိုး၊ အဘွားနဲ့ ဖွေးဖွေးရဲ့ဖခင်ကြီးတို့ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်တို့မိသားစု

နိုင်ငံကျော်ထိပ်တန်းမင်းသမီးနှစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးနဲ့ အကယ်ဒမီဝတ်မှုံရွှေရည်တို့ဟာ သွေးသားနီးစပ်တော်တဲ့ ညီအစ်မတစ်ဝမ်းကွဲတွေပဲဖြစ်ပါတယ်။ တစ်ရက်ကြီး တစ်ရက်ငယ်ညီအစ်မတွေဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ဟာ အနုပညာအလုပ်တွေအတူတူလုပ်ကိုင်တာ ရှားပါးတယ်ဆိုပေမယ့် အပြင်မှာတော့ မိသားစုတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိကြတာပဲဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ဖေဖေ ဦးမောင်ဦးကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ (၁၉) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဖွေးဖွေးကတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တိမ်းရှောင်နေရတာမို့ ဖွေးဖွေးအဖေရဲ့ နောက်ဆုံးခရီးကို တူမဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဦးစီးပြီးလုပ်ကိုင်ပေခဲ့ရတာကို ပရိသတ်ကြီးမှတ်မိဦးမှာပါ။ ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်တို့မိသားစုက ကွယ်လွန်လေပြီးတဲ့ အဘိုး၊ အဘွားနဲ့ ဖွေးဖွေးရဲ့ဖခင်ကြီးတို့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ဖေဖေနဲ့ ဖွေးဖွေးတို့ဖေဖေကတော့ ညီအစ်ကိုရင်းတော်စပ်သူတွေဖြစ်တာမို့ ဝတ်မှုံရွှေရည်ဟာလည်း ဦးလေးဖြစ်သူ နေမကောင်းချိန်မှစပြီး ကွယ်လွန်သွားသည့်တိုင်အောင် အနီးကပ်စောင့်ရှောက်ပေးခဲ့ပြီး ကွယ်လွန်ပြီးသည့်တိုင်အောင်လည်း ကုသိုလ်တွေပြုပေးနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wutt Hmone Shwe Yi’s fb

error: Alert: Content is protected !!