ကွယ်လွန်လေပြီးတဲ့ အဖိုး၊ အဖွားနဲ့ ဖေဖေ့အတွက် ရည်စူးပြီး လူအယောက် (၅၀၀) ကို စတုဒီသာအလှူလုပ်မယ့် ဖွေးဖွေး
သရုပ်ဆောင် ဖွေးဖွေးကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း အနုပညာလျှောက်လှမ်းမှုခရီးစဉ်တစ်လျှောက်မှာ အောင်မြင်မှုကြီးကြီးမားမားတွေကိုသာ ရရှိခဲ့သူဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ပြီးအောင်မြင်သလို မိသားစုကြောင့်လည်း စိတ်ချမ်းသာစရာတွေကိုပဲ ရရှိခဲ့တဲ့ဖွေးဖွေးဟာ သူမရဲ့ဖခင်ကွယ်လွန်သွားချိန်မှာတော့ တော်တော်လေး စိတ်ထိခိုက်ပြီး ဝမ်းနည်းခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ ကွယ်လွန်လေပြီးတဲ့ အဖိုး အဖွားတွေနဲ့ ဖေဖေ့အတွက် ရည်စူးပြီး ပြုလုပ်မယ့်ကုသိုလ်လေးအကြောင်းကိုပြောလာပါတယ်။
ဖွေးဖွေးက “ချစ်ရသောလေးစားရသောကွယ်လွန်သွားနှင့်သော ဖိုးဖိုးဦးသိန်းမောင် + ဖွားဖွားဒေါ်လှဝင်း၊ ဖေဖေ ဦးကျော်ကျော်ဝင်း(ကိုဦး) ကိုရည်စူးပြီး ရွှေတောင်မြို့မှာ စတုဒိသာ မုန့်ဟင်းခါး လူ ၅၀၀ စာ ပဠာန်းစာအုပ် Font အကြီး(မျက်လုံးမှုန်သူတွေအတွက်ပါ) ၅၀၀ အုပ် လှူဖို့အတွက် ရွှေတောင် မြို့ လူတရစ်နတ်တရစ် “ရွှေနတ်တောင်”ဘုရားမှာ ဘိုးဘွားတို့လှူခဲ့တဲ့ “စိန်ဖူးတော်” နှစ် ၅၀ ပြည့် ရွှေရတု နဲ့အတူ March 4th ရက်နေ့ မှာလာပေးမယ့်အမျိုးတွေနဲ့ တူတူရှိနေပါမယ်ရှင်🤍🫶🏻✨🙏📿🤲 ပွဲကိုတော့ အချိန်အခါ အလျောက် အကျယ်မချဲ့တော့ပါဘူးရှင်။ အေးဆေးလာလို့ရပါတယ်ရှင်” ဆိုပြီးပြောလာပါတယ်။
ဖွေးဖွေးကတော့ ခေတ်ကာလအခြေအနေအရ သူမတို့မိသားစုအလှူပွဲကို အကျယ်မချဲ့ပဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဖွေးဖွေးတို့မိသားစုလေး ဒီထက်မက လှူနိုင်တန်းနိုင်ပြီး အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Phway Phway’s fb