ကွယ်လွန်ခဲ့တာ နှစ်တွေကြာခဲ့ပြီဖြစ်တဲ့ ဦးလေးကျော်ဟိန်းနဲ့ အစ်ကိုဒွေးတို့ကို ရည်စူးပြီး ကုသိုလ်တွေပြုပေးခဲ့တဲ့ သားညီ
သရုပ်ဆောင် သားညီကတော့ ဦးလေးဖြစ်သူ အကယ်ဒမီကျော်ဟိန်းနဲ့ အစ်ကိုရင်းဖြစ်သူ အကယ်ဒမီဒွေးတို့ရဲ့ ဖေးမမှုတွေနဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလို့လာတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သားညီက သူ့ရဲ့ အနုပညာခြေလှမ်းအစမှာတော့ အစ်ကိုနဲ့အတူတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း သရုပ်ဆောင်တစ်ယောက်ဖြစ်လာသလို တဖြည်းဖြည်းချင်း သင်ယူလေ့လာရင်း အခုဆိုရင် နိုင်ငံကျော် ဒါရိုက်တာတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ သားညီကတော့ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ဦးစီးရိုက်ကူးသလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကထဲမှာ ကျင်လည်နေဆဲ ဖြစ်ပါတယ်။
မနက်ဖြန် ဇူလိုင်လ (၁၁) ရက်ဆိုရင် အကယ်ဒမီဒွေးကွယ်လွန်ခဲ့တာ (၁၅) နှစ်တိတိရှိခဲ့ပြီဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်း ကွယ်လွန်တာ (၂) နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်။ သားညီက ကွယ်လွန်လေပြီးတဲ့ အစ်ကိုနဲ့ ဦးလေးတို့အတွက် သူတတ်နိုင်သမျှ ကုသိုလ်တွေပြုပေးခဲ့ကြောင်းကို “တတ်နိုင်သလောက်ကုသိုလ်လေးပါ။ တစ်ယောက်က 15 နှစ်။ တစ်ယောက်က 2 နှစ်။ ပြုသမျှကုသိုလ် အမျှ ပေးပါတယ်ဗျာ။ ဦးကျော် နဲ့ အစ်ကို ရောက်ရာ ဘုံဘဝတွေကနေ သာဓုခေါ်ဆိုနိုင်ပါစေ …” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
သားညီကတော့ ကျေးဇူးရှင်တွေဖြစ်သလို သူ့ရဲ့အနုပညာလမ်းကြောင်းတစ်လျှောက် လက်ဦးဆရာသမားတွေဖြစ်ခဲ့တဲ့ အစ်ကိုနဲ့ ဦးလေးအတွက် သံဃာတော်တွေကို သင်္ကန်းနဲ့ ဝတ္ထုငွေတွေ ဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဦးကျော်ဟိန်းနဲ့ ဒွေးတို့လည်း တူလေး/ညီလေး ပြုပေးတဲ့ကုသိုလ်တွေအတွက် ဝမ်းမြောက်စွာသာဓုခေါ်ဆိုနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thar Nyi’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ကြယ္လြန္ခဲ့တာ ႏွစ္ေတြၾကာခဲ့ၿပီျဖစ္တဲ့ ဦးေလးေက်ာ္ဟိန္းနဲ႔ အစ္ကိုေဒြးတို႔ကို ရည္စူးၿပီး ကုသိုလ္ေတြျပဳေပးခဲ့တဲ့ သားညီ
သ႐ုပ္ေဆာင္ သားညီကေတာ့ ဦးေလးျဖစ္သူ အကယ္ဒမီေက်ာ္ဟိန္းနဲ႔ အစ္ကိုရင္းျဖစ္သူ အကယ္ဒမီေဒြးတို႔ရဲ႕ ေဖးမမႈေတြနဲ႔ အႏုပညာလမ္းေၾကာင္းေပၚ ေရာက္ရွိလို႔လာတာပဲ ျဖစ္ပါတယ္။ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ခ်င္ခဲ့တဲ့ သားညီက သူ႔ရဲ႕ အႏုပညာေျခလွမ္းအစမွာေတာ့ အစ္ကိုနဲ႔အတူတူ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးရင္း သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာသလို တျဖည္းျဖည္းခ်င္း သင္ယူေလ့လာရင္း အခုဆိုရင္ ႏိုင္ငံေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္ ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။ သားညီကေတာ့ ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေတြ ဦးစီး႐ိုက္ကူးသလို သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း အႏုပညာေလာကထဲမွာ က်င္လည္ေနဆဲ ျဖစ္ပါတယ္။
မနက္ျဖန္ ဇူလိုင္လ (၁၁) ရက္ဆိုရင္ အကယ္ဒမီေဒြးကြယ္လြန္ခဲ့တာ (၁၅) ႏွစ္တိတိရွိခဲ့ၿပီျဖစ္တဲ့ အကယ္ဒမီေက်ာ္ဟိန္း ကြယ္လြန္တာ (၂) ႏွစ္တိတိျပည့္ခဲ့ၿပီျဖစ္ပါတယ္။ သားညီက ကြယ္လြန္ေလၿပီးတဲ့ အစ္ကိုနဲ႔ ဦးေလးတို႔အတြက္ သူတတ္ႏိုင္သမွ် ကုသိုလ္ေတြျပဳေပးခဲ့ေၾကာင္းကို “တတ္ႏိုင္သေလာက္ကုသိုလ္ေလးပါ။ တစ္ေယာက္က 15 ႏွစ္။ တစ္ေယာက္က 2 ႏွစ္။ ျပဳသမွ်ကုသိုလ္ အမွ် ေပးပါတယ္ဗ်ာ။ ဦးေက်ာ္ နဲ႔ အစ္ကို ေရာက္ရာ ဘုံဘဝေတြကေန သာဓုေခၚဆိုႏိုင္ပါေစ …” ဆိုၿပီး သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာပါတယ္။
သားညီကေတာ့ ေက်းဇူးရွင္ေတြျဖစ္သလို သူ႔ရဲ႕အႏုပညာလမ္းေၾကာင္းတစ္ေလွ်ာက္ လက္ဦးဆရာသမားေတြျဖစ္ခဲ့တဲ့ အစ္ကိုနဲ႔ ဦးေလးအတြက္ သံဃာေတာ္ေတြကို သကၤန္းနဲ႔ ဝတၳဳေငြေတြ ဆက္ကပ္လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ဦးေက်ာ္ဟိန္းနဲ႔ ေဒြးတို႔လည္း တူေလး/ညီေလး ျပဳေပးတဲ့ကုသိုလ္ေတြအတြက္ ဝမ္းေျမာက္စြာသာဓုေခၚဆိုေနၾကမယ္ထင္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Thar Nyi’s fb