ကြော်ငြာအတူတူရိုက်ရင်း နှစ်ယောက်သားအမှတ်တရတွေဖန်တီးခဲ့ကြတဲ့ ခြူးလေးနဲ့ မေမြင့်မိုရ်

MRTV 4 မင်းသမီးလေးတွေဖြစ်ကြတဲ့ ခြူးလေးနဲ့ မေမြင့်မိုရ်တို့ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားကြသူများဖြစ်ပါတယ်။ ခြူးလေးကလည်း “ထာဝရမန္တလေး”၊ “ရသ မော်ကွန်း အလင်္ကာ” စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးသလို မေမြင့်မိုရ်ကလည်း “ပန်းနုသွေး”၊ “အရိပ်” စတဲ့ ဇာတ်ကားတွေနဲ့ ကျော်ကြားသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

“ပန်းနုသွေး” ဇာတ်လမ်းမှာ အတူတူသရုပ်ဆောင်ဖူးခဲ့ကြတဲ့ ခြူးလေးနဲ့ မေမြင့်မိုရ်တို့ အနုပညာညီအစ်မနှစ်ယောက်ဟာ ဒီကနေ့မှာတော့ ကြော်ငြာတစ်ခုကို အတူတူရိုက်ကူးရင်း ပြန်ဆုံခဲ့ပြီပဲဖြစ်ပါတယ်။ ခြူးလေးနဲ့ မေမြင့်မိုရ်တို့က နှစ်ယောက်အတူတူဆုံခိုက် အမှတ်တရဓာတ်ပုံတွေကို ရိုက်ကူးပြီး သူမတို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာအသီးသီးမှာ တင်ပေးလာခဲ့ပါတယ်။

မေမြင့်မိုရ်နဲ့ ခြူးလေးတို့ကတော့ အရင်ကတည်းက ဇာတ်လမ်းတွဲတွေရိုက်ရင်း ခင်မင်ရင်းနှီးလာခဲ့သူတွေပီပီ အခုအချိန်ထိလည်း သူငယ်ချင်းလို ညီအစ်မလို ရင်းနှီးနေကြဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာမင်းသမီးလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chue Lay’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Chue Lay’s fb

error: Alert: Content is protected !!