ကြော်ငြာဓာတ်ပုံလေးတစ်ခုရိုက်တာကို ဝိုင်းပြီးဝေဖန်ခံရတာကြောင့် စိတ်မကောင်းဝမ်းနည်ဖြစ်ရကြောင်း ရင်ဖွင့်လာတဲ့ ဇေရဲထက်
နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်ကိုလည်း အံဝင်ခွင်ကျအဖြစ်ဆုံး သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဇေရဲထက် ရယ်ဆိုပြီး သူသရုပ်ဆောင်သမျှ ဗီဒယိုဇာတ်ကားတိုင်းကို တစ်ခဲနက်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့ နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးလျော့ကျသွားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက Herbal Scrub Soap ကြော်ငြာတစ်ခုကိုရိုက်ကူးခဲ့ရာ ပရိသတ်တွေရဲ့ဝေဖန်မှုရရှိခဲ့တာကြောင့် အခုလိုပဲ ရင်ဖွင့်လာခဲ့ပါတယ်။
ဇေရဲထက်က “ကျနော် အလုပ်မလုပ်ခဲ့တာ နှစ်အတော်ကြာပါပြီ။ အဲ့အချိန်တုန်းကဆို ကျနော်ချစ်တဲ့အလုပ်တွေ ဝါသနာပါတဲ့အလုပ်တွေကိုရပ်ပြီး နေခဲ့ရတဲ့အချိန်ဆို ကျနော့်နေရာကနေကိုယ်ချင်းစာကြည့်ပါဗျာ။ ကျနော့်စိတ်ဓါတ်ကျ အဖိနှိပ်ခံရ အတိုက်ခိုက်ခံရ ကျနော်ဘာလုပ်လုပ် ကျနော်ဘာလုပ်လုပ် အမြဲပြောဆိုနေတော့ ကျနော် စိတ်ဓါတ်ကျ စိတ်ဖိစီးပီး နေနေခဲ့ရတာပါ။ကျနော်ဆက်မလုပ်ဖို့အထိတောင်နေနေခဲ့ပါတယ်။ ဒါပေမယ့် ကျနော်မနေနိုင်ခဲ့ဘူးလေ ကျနော်အရမ်းဝါသနာပါတယ် ချစ်တယ် မြတ်နိုးတဲ့အလုပ်ဆို သိသိလာတယ်။ လူတိုင်းက ပိုက်စံဆိုတာထက် ကိုယ်ဝါသနာပါတဲ့အလုပ်လေးလုပ်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းချင်ကြတာလေ။ ကျနော့်မှာ ကျနော်ဝါသနာပါတဲ့ အလုပ်လည်းလုပ်နေရပေမယ့် ကျနော့်စေတနာတချို့စကားတွေက တချို့ကသိပေမယ့်တချို့က အပေါယံကြည့်ပီး တိုက်ခိုက်ကြတာတွေအများရှိခဲ့တယ်။ အရမ်းကိုစိတ်ထိခိုက်ခဲ့ပါတယ်”
“အနုပညာရှင်တွေက အသည်းနုပါတယ်။ခံစားရလွယ်တယ်။အာ့တာကြောင့်ကျနော်ဝါသနာပါတဲ့အလုပ်ကို လျစ်လျူရှုပီး စိတ်တွေကို လွတ်လပ်စေဖို့ အနားယူခဲ့တာပါ။ အခုလည်း ကျနော် အရမ်းကြီးကျယ်မြင့်မြတ်စွာ လုပ်နေရတာမဟုတ်သလို ကျနော်ဝါသနာပါတာလေးကို ဘန်ကောက်ရောက်တုန်း ဆေးကုရင်း ကိုယ်တတ်နိုင်တာလေးကို အကူညီပေးနေတာကလွဲလို့ ကျနော့်မှာ ဘာမှ မျှော်လင့်ချက် မရှိသလို ဘာကြီးလုပ်ဖို့လုပ်နေတယ်ဆိုတာ လည်းမရှိပါဘူးခင်မျာ။ ကျနော်အလုပ်လေးအခုမှ ဝါသနာပါတာလေးကို ကြုံတုံး ကူညီလုပ်ပေးတာလောက်ပဲ ရှိတာပါခင်မျာ ကျနော့်ကိုအာ့လောက်တောင် အမြင်ကတ် အမုန်းတရားတွေနဲ့ အမြင်ကတ်ရတဲ့ အထိဘာတွေများ လုက်မိလည်းဆိုတာ အခုထိစဉ်းစားမရပါဘူး။ နားလည်ပါတယ်။ ”
“အတိတ်ဘဝက တော်တော်ဝဋ်ကြီးတာပဲဗျာ။ ခေတ်ကောင်းစဉ်ကလည်း ကျနော့်တတ်နိုင်တဲ့ဘက်က လူငယ်တွေကို အတတ်နိုင်ဆုံး ဆွဲခေါခဲ့တယ်။ ပရိုဂျူဆာတွေနဲ့အတိုက်ခံလုပ်ခဲ့သလို ကိုယ်ကူညီခဲ့တဲ့လူကလည်း အသုံးချပီး လူတွေအထင်လွဲအောင်လည်းလုပ်ခံရဖူးတယ်။အဓိကက ကျနော့်လိပ်ပြာကျနော်လုံပါတယ်။မျက်နာပြောင်တာမဟုတ်ဘူးနော်။ ကျနော့်ချစ်တဲ့ အခုလိုနေရာတခုရဖို့ ကျနော်ကြိုးစားခဲ့ရတာ ကျနော်အရမ်းပင်ပန်းခဲ့ပါတယ် အရမ်းကြိုးစားခဲ့ရတာပါ။ အာ့တာကြောင့်အရမ်းကိုတန်ဖိုးထားပါတယ် ။မြတ်နိုးပါတယ်။ ကျနော့်ပျော်လို့ပါခင်မျာ။ ကျနော် အရမ်းကိုချစ်လို့ပါ။ဘယ်အလုပ်ပဲဖြစ်ဖြစ် သက်ရှိထင်ရှားစဉ် အရွယ်ရှိစဉ် ကျန်းမာစဉ်ပဲ လုပ်ခွင့်ရကြတာပါ။ ”
“အားလုံးကျန်းမာပီးစိတ်ချမ်းသာကိုယ်ကျန်းမာပီး လိုသောဆန္ဒတလုံးတဝ ပြည့်ပါစေ။ဘယ်သော်အခါမှ ကျနော့်လိုမွန်းကြပ်မူ့တွေ စိတ်ဖိစီးမူ့တွေ အတိုက်ခိုက်တွေ တစိုးတစိမှမခံစားရပဲ သေတပန်သက်သက်တဆုံး အေးချမ်းမူ့အမှန်ရရှိကြပါစေ။ (စာလုံးပေါင်း သတ်ပုံမှားခဲ့ရင်လည်း ခွှင့်လွှတ်ပါနော်) ကျနော်ကောင်းတာတွေကျ လူတွေသတိမထားမိတာ ကျနော်ညံ့လို့ပါ လူတိုင်းဟာ ကိုယ်ချစ်တဲ့ လူတွေကိုပဲ ချစ်ခင်အားပေးချင်ကြတာဆိုတာ။ ဒါပေမယ့်လည်းတဖက်လူကို ထိုးနှက်ပီးပြောဆိုတာတော့ တခါတလေ မြင်မိရင် စိတ်မကောင်းတာအမှန်ပါ ။ ကျနော်လည်း သာမန်လူထဲက လူဆိုတော့ ခံစားရတယ်လေခင်မျ။ အလုပ်လေးဘာရယ်မဟုတ် ကြုံတုန်းလေးလုပ်တာပဲ ကျနော့်ကိုတန်းပီး ပြောဆိုတော့တာပဲ။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
ဇေရဲထက်ကတော့ အနုပညာအလုပ်တွေရပ်နားထားတာ တော်တော်လေးကြာပြီးမှ အခုလို ကြော်ငြာလေးတစ်ခုရိုက်ကူးခဲ့တာမှာ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရလို့ တော်တော်လေးစိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းဇေရဲထက်ကို နားလည်ပြီး ချစ်တဲ့မျက်စိလေးနဲ့ကြည့်ပေးကြပါနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source:Zay Ye Htet’s fb