ကြိုးစားရှာဖွေထားတဲ့ အနုပညာကြေးလေးတွေနဲ့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ဆုထက်လှိုင်
အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဆုထက်လှိုင်ကတော့ 2014 ခုနှစ်က ကျင်းပပြုလုပ်တဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်သလို အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေပြီဖြစ်တဲ့ ဆုထက်လှိုင်ဟာ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲထဲက ဒေါ်တင်မေဦးကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကိုရရှိနေတယ်ဆိုလည်း မမှားပါဘူး။
လတ်တလောပရိသတ်စိတ်ဝင်စားမှုရရှိနေတဲ့ ဆုထက်လှိုင်ဟာ အနုပညာလှုပ်ရှားမှုတွေများစွာလုပ်ကိုင်နေရပြီး အလုပ်တွေ မအားလပ်နိုင်အောင်ရှိနေတာပဲဖြစ်ပါတယ်။ ဆုထက်လှိုင်က မနေ့က ဇူလိုင်လ (၁၇) ရက်နေ့မှာ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ငွေကျပ် (၂) သိန်း လှူဒါန်းပေးခဲ့ပြီး ကလေးတွေနဲ့ ရင်းရင်းနှီးနှီးဆော့ကစားခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။
ဆုထက်လှိုင်ကတော့ သူမရရှိထားတဲ့ အနုပညာကြေးလေးတွေနဲ့ အမှန်တကယ်လိုအပ်နေတဲ့ နေရာလေးမှာ လှူဒါန်းကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုထက်လှိုင်ရဲ့ ကုသိုလ်လေးအတွက် ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Htet Hlaing’s fb