ကျေးဇူးရှင်ဖခင်ကြီး ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း စိတ်မကောင်းစွာအသိပေးလာခဲ့တဲ့ နန်းမွေစံ

ဆက်စီမော်ဒယ်လ်တစ်ဦးဖြစ်သူ နန်းမွေစံကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပက Fan တွေများစွာကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လူသိများတဲ့ ဆယ်လီမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ နန်းမွေစံဟာ လွတ်လွတ်လပ်လပ်နေထိုင်တတ်တယ်ဆိုပေမယ့် မိသားစုကိုအရမ်းချစ်ပြီး မိသားစုအပေါ်လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းမွေစံဟာ သူမရဲ့ သတင်းဆိုးတစ်ခုကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။

နန်းမွေစံက “မွေစံ့ရဲ့ ကျေးဇူးရှင်ဖခင် Dr Sai San Win အသက် ၆၇ နှစ် ဒီနေ့ June လ တစ်ရက်နေ့ 2022 မှာ ဘဝတပါးသို့ကူးပြောင်းသွားပါပြီ 🥲🥲🥲 အဖေ့ကိုဆေးကုသပေးခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး Medical Unit 1 က ဆရာဝန်ဆရာမတွေ အားလုံးကိုလဲ အတတ်နိုင်ဆုံး ကုသပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် 🙏🏻” ဆိုပြီး ညှိုးငယ်စွာ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

နန်းမွေစံဟာ ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့မှာ သူမရဲ့ဖခင်ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆေးသွားကုဖို့ ပြင်ဆင်နေစဉ် စကစက နိုင်ငံကူးလက်မှတ်သိမ်းဆည်းခြင်းခံခဲ့ရတာမို့ ဖခင်ကို ဘန်ကောက်မှာဆေးကုသခွင့်မပြုလုပ်လိုက်ရပဲ သူမရဲ့ဖခင်ကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nang Mwe San ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Nang Mwe San ‘s fb

error: Alert: Content is protected !!