ကျော်ထွဋ်ဆွေရဲ့မွေးနေ့လည်းဖြစ်သလို သူမတို့နှစ်ယောက်ရဲ့ (၁၂)နှစ်ပြည့် Anniversary မှာ ချစ်ခင်ပွန်းကိုချစ်တဲ့အကြောင်းတွေပြောလာတဲ့ နန်းသူဇာ
အဆိုတော် ကျော်ထွဋ်ဆွေကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း Rap သီချင်းတွေကို သီဆိုတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေကတော့ သူ့ရဲ့သီချင်းတွေကြောင့်သာမကပဲ အဆိုတော် နန်းသူဇာနဲ့ သူ့ရဲ့ အချစ်ရေးကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းခံရတာပဲ ဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ကတော့ ဆယ်စုနှစ်တစ်ခုကျော်ချစ်သူတွေအဖြစ် ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကပဲ လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၁၀) ရက်နေ့ကတော့ ကျော်ထွဋ်ဆွေရဲ့ မွေးနေ့လေးဖြစ်သလို ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ ချစ်သူသက်တမ်း (၁၂) နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ နန်းသူဇာက သူမရဲ့ခင်ပွန်းကျော်ထွဋ်ဆွေအတွက် “Happy Birthday to my most favorite person in the world 🌎 🥰 And Happy 12th Anni to us. Love youuuuuuuu mua mua 😘 အမြဲ ဂရုစိုက် ပိုပိုချစ်လာပေးလို့ ကျေးဇူးပါ ကို ❤️” ဆိုပြီး ဆုတောင်းပေးလာပါတယ်။
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ကတော့ ချစ်သူတွေမဖြစ်ခင်က အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး မကြာသေးခင်ကပဲ ဇနီးမောင်နှံတွေအဖြစ် အဆင့်တက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့မွေးနေ့ရှင် ကျော်ထွဋ်ဆွေအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nann Thuzar’s fb