ကျားပေါက်ရေးထားတဲ့ “Giants On My Shoulders” စာအုပ်ကိုဖတ်ပြီး ကိုကျားခေါ်တဲ့နောက်ပတ်လိုက်နေသလိုခံစားရတယ်ဆိုတဲ့ ဒေါင်း
သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း အတူရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အရေးတော်ပုံအတွက် တစ်ဖက်တစ်လမ်းကနေ အမြဲတမ်းကူညီပေးနေတဲ့ ဒေါင်းဟာ ရံပုံငွေတွေများစွာကိုလည်း ရှာဖွေပေးခဲ့သလို တစ်ဖက်မှာလည်း သူကိုယ်တိုင်လွတ်မြောက်နယ်မြေမှာနေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒေါင်းက သူနဲ့စိတ်တူကိုယ်တူရှိတဲ့ အနုပညာရဲဘော် အဆိုတော်ကျားပေါက်ရဲ့ “Giants On My Shoulders” စာအုပ်နဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်ကိုပြောလာတာကိုတွေ့ရပါတယ်။
ဒေါင်းက “လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကစည်းထားခဲ့တဲ့ မျက်လုံးစည်းလေးကို ပြန်တပ်ပြီး ဖတ်ခဲ့ရတဲ့စာအုပ်တစ်အုပ်.. Cassette ခလုတ်သံတွေ ကြားနေရတဲ့စာအုပ်တစ်အုပ်၊ Tapeခွေလည်သံတွေ၊ CDဖတ်သံတွေ၊ သူပြောတဲ့သူ့shapeကိုဖြစ်တည်စေခဲ့တဲ့သူများနဲ့ သူကကျွန်တော်တို့shapeကိုဖြစ်စေခဲ့တဲ့ထဲက အနုပညာသမားတစ်ဦး ဂီတသမားတစ်ဦး “Giants on my shoulders”တဲ့။ လွန်ခဲ့တဲ့အတိတ်ထဲက သူ့ဖြစ်တည်မှုတွေဆီကို ကားပတ်မောင်း…..သူ့ဘေးနားထိုင်ပြီး သူပြောသမျှ နားထောင်ရသလိုပဲ။ စာဖတ်နေရတာနဲ့ကိုမတူတဲ့ စာအုပ်တစ်အုပ်ကိုဖတ်နေမိပြီးသားဖြစ်သွား……။ကိုကျားခေါ်တဲ့နောက် ပတ်လိုက်နေရတာနဲ့….ခဏရပ်လိုက် ဖုန်းဖွင့်လိုက် သီချင်းတွေပြန်နားထောင်လိုက်….ကိုကျားထိတွေ့ခဲ့တဲ့ Artists တွေပြန်လိုက်ကြည့်နေရင်းနဲ့…ကိုယ့်အတိတ်ကိုလည်း ပြန်တူးဆွနေမိပြန်ရော….သတိရနေမိပြန်ရော….လွတ်လပ်ပေါ့ပါးတဲ့အရေးအသားနဲ့တိုတို ထိထိနဲ့ လိုရင်းကိုသဘောပေါက်အောင် ရေးထားပေမယ့် “သီချင်းထဲကဘဝများ….ဘဝထဲကသီချင်းများ…”ကို လိုက်နားမထောင်ဘဲနဲ့ကို ကျွန်တော်နေလို့မရခဲ့ဘူး။ အစီအစဉ်တကျရေးထားတာမဟုတ်တာကိုက…သဘောကျနေမိတာ…..အဲ့ဒါဘဝပဲမလား?ပြောရရင်တော့အများကြီးဗျာ….ခဏနားပြီး ထိုင်ရယ်နေမိရတဲ့ အခြေအနေတွေလည်း ကျွန်တော် ဒီစာအုပ်ကြောင့် ကြုံခဲ့ရသလို…ကိုယ့်ကိုယ်ကို လည်း ဘဝကို ဘယ်လိုရွေးချယ်ဖြစ်လဲ…ဘယ်လောက်ရိုးသားခဲ့လဲ…? သူက သူ့အကြောင်းကို အရိုးသားဆုံးပြောပြတယ်ဆိုပေမယ့်..မေးခွန်းတွေပါနေတယ်?? ကျွန်တော့်အမြင်အရ ဒီစာအုပ်ဖတ်ရတာ ဘာခံစားရလဲဆို…ဘာမှမခံစားရဘူး ဒါပေမယ့်…”ခင်ဗျားတို့ ဘောင်မခတ်ဖို့တော့လိုလိမ့်မယ်”။ဒေါင်း” ဆိုပြီးတော့ပြောလာတာပဲဖြစ်ပါတယ်။
ဒေါင်းကတော့ သူ့အနေနဲ့ ကျားပေါက်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး ကျားပေါက်အနေနဲ့ စာအုပ်သစ်ထွက်ရှိလာတဲ့အခါ စိတ်ထဲနှလုံးထဲကနေကိုနှစ်ပြီး သေချာဖတ်ရှုခဲ့တာပဲဖြစ်ပါတယ်။ ဒေါင်းအတွက်တော့ ကျားပေါက်ရဲ့စာအုပ်လေးက ဘောင်ခတ်မထားပဲဖတ်ရှုရင် ဘာမှမခံစားရတဲ့စာအုပ်လို့ဆိုပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: DAUNG’s fb