ကျားပေါက်နဲ့ ပတ်သက်ရင် လက်ချောင်းလေးတွေကအစ ချစ်မြတ်နိုးရကြောင်း ခံစားချက်တွေဖွင့်ဟလာခဲ့တဲ့ ဆွိဝတ်ရည်သောင်း
အဆိုတော် ဆွိဝတ်ရည်သောင်းနဲ့ အဆိုတော် ကျားပေါက်တို့ရဲ့ အချစ်ရေးဟာတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတစ်ခုပါပဲ။ တူညီတဲ့ ဂီတနယ်ပယ်ထဲမှာ ကျင်လည်ရင်း ချစ်ကြိုက်သွားခဲ့တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြားအသိပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းကတော့ ကျားပေါက်ဟာ လူပျိုတစ်ယောက်မဟုတ်ပေမယ့် ကျားပေါက်ရဲ့အချစ်နဲ့မေတ္တာတစ်ခုတည်းကိုကြည့်ပြီး ကျားပေါက်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးတဲ့အကြောင်းတွေ ဖွင့်ဟပြောဖို့ ဝန်မလေးတတ်တဲ့ ဆွိဝတ်ရည်သောင်းဟာ ဒီကနေ့မှာလည်း ကျားပေါက်နဲ့ပတ်သက်ပြီး သူမမြတ်နိုးတန်ဖိုးထားရတဲ့အရာလေးကို ပြသလာပါတယ်။ ဆွိဝတ်ရည်သောင်းက ကျားပေါက်ရဲ့လက်ကို ဓာတ်ပုံရိုက်ပြီး “ပန်းချီဆေးတွေပေနေတဲ့ လက်သွယ်သွယ်လေးတွေကအစ ချစ်ရပါတယ်” ဆိုပြီး သူမရဲ့ Story မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
ကျားပေါက်ကတော့ မိန်းမနဲ့တရားဝင်ကွာရှင်းပြီးသားဖြစ်ပေမယ့် သမီးနှစ်ယောက်ရှိသေးတာကို တစ်နိုင်ငံလုံးအသိပဲဖြစ်ပါတယ်။ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့ အချစ်လမ်းခရီး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sweet Wutt Yi Thaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်