ကျန်းမာရေးဟာအရေးကြီးကြောင်း ကိုယ်တိုင်နေထိုင်မကောင်းဖြစ်တော့မှ သဘောပေါက်နားလည်သွားခဲ့တဲ့ စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ အကယ်ဒမီဆုရမင်းသမီးတစ်ယောက်ဖြစ်ပြီး အနုပညာလမ်းကြောင်းမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုးပြည့်သဇင်က ဇာတ်လမ်းတွဲတွေရိုက်ကူးနေပြီး ပုံမှန်အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။

အလုပ်တွေကြိုးစားလုပ်ကိုင်သူလေး စိုးပြည့်သဇင်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြလာပါတယ်။ စိုးပြည့်သဇင်က ရန်ကုန် ပင်လုံဆေးရုံကြီးမှာ နှလုံးအထူးကုဆရာဝန်ကြီးနဲ့ ပြသခဲ့ရတဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို ပြောပြလာပြီး “အာရောဂျံပရာမံလာဘံတဲ့ ကျန်းမာရေးဟာလာဘ်ကြီးတစ်ပါးပါဘဲ…🥺 ” ဆိုပြီး ပြောလာပါတယ်။

စိုးပြည့်သဇင်ကတော့ အရမ်းကြီးစိုးရိမ်ရတဲ့အနေအထားမဟုတ်ပေမယ့် ပရိသတ်တွေကတော့ စိုးပြည့်သဇင်အတွက် စိတ်ပူနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုးပြည့်သဇင် အမြန်ဆုံးနေကောင်းစေဖို့ ဆုတောင်းပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Soe Pyae Thazin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!