




Source: Myat Thu Thu ‘s fb

ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့ ချစ်သူအတွက် အလွန်အမင်းစိတ်ပူနေတယ်ဆိုတဲ့ မြတ်သူသူ

သရုပ်ဆောင် မြတ်သူသူကတော့ “တတိယမြောက်ဆုံမှတ်”၊ “ပျားရည်အိုင်”၊ “ရတနာထဲကရတနာ”၊ “ဝိညာဉ်ရှိုက်သံ”၊ “မှော်ပလ္လင်”၊ “ဝင်္ကဘာစံအိမ်”၊ “တို့မမနဲ့တို့” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြတ်သူသူဟာ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိလာပြီဖြစ်လို့ တည်ငြိမ်တဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက်ထားပြီဖြစ်တဲ့ မြတ်သူသူဟာ ဒီကနေ့မှာတော့ သူမရဲ့ချစ်သူအတွက် စိတ်ပူနေတယ်ဆိုပြီးပြောလာပါတယ်။

မြတ်သူသူက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့ချစ်သူအတွက် အလွန်အမင်းစိတ်ပူနေရကြောင်း “ကိုယ့်က သူ့ကိုစိတ်ပူလို့ ဆေးရုံလိုက်သွားချင်တယ်။ သူက ကိုယ့်ကိုစိတ်ပူလို့ အိမ်မှာပဲနေစေချင်တယ်။ တနယ်ဆီဝေးနေတော့ စိတ်ရှိတိုင်းပြေးသွားလို့လည်းမရဘူး။ စိတ်တွေပူရလို့လည်း အိပ်မရဘူး ။ အမြန်ဆုံးသက်သာပါစေ ချစ်ရတဲ့သူရယ် 🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ ချစ်သူကိုစိတ်ပူလို့ ချက်ချင်းထလိုက်သွားလို့မရနိုင်တဲ့ အနေအထားမို့ ချစ်သူအတွက် အဝေးကနေ စိတ်ပူပေးရင်း နေအမြန်ပြန်ကောင်းဖို့ကို ဆုတောင်းပေးနေတာပဲဖြစ်ပါတယ်။ မြတ်သူသူရဲ့ချစ်သူလည်း မြတ်သူသူစိတ်ပူတာတွေလျော့ကျသွားရအောင် အမြန်ဆုံးနေကောင်းသက်သာပါစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Thu Thu ‘s fb

error: Alert: Content is protected !!