ကျန်းမာရေးမကောင်းပေမယ့် အလုပ်တွေကြိုးစားလုပ်ကိုင်ရတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ ထက်ထက်မိုးဦး
နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ ယနေ့ထိတိုင် အောင်မြင်မှုသရဖူဆောင်းထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ပြီးခဲ့တဲ့မေလအတွင်းကပဲ အသက် (၅၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ ကုသိုလ်ရေးကို ပိုမိုအားစိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
အရင်ကတည်းက ကျန်းမာရေးချူချာပြီး ဆေးရုံ၊ ဆေးခန်းတွေမကြာခဏဆိုသလို တက်ရောက်ရလေ့ရှိတဲ့ ထက်ထက်မိုးဦးဟာ အခုဆိုရင် နေထိုင်မကောင်းဖြစ်လည်း အလုပ်တွေကြိုးစားလုပ်ကိုင်နေရတဲ့အကြောင်းအရင်းကို ပြောပြလာပါတယ်။ ထက်ထက်မိုးဦးက “နေကောင်းလို့ ကျန်းမာရင် အလုပ်လေးတွေလုပ်လိုက် သံသရာအတွက် ကုသိုလ်လေးတွေ ပြုရ.. နေမကောင်းပြန်ရင်လည်း ဆေးခန်းပြေးရ …” ဆိုပြီး သူမရဲ့အကြောင်းကို ပြောပြလာပါတယ်။
ထက်ထက်မိုးဦးကတော့ ကျန်းမာရေးမကောင်းပေမယ့် အလုပ်တွေလုပ်ရင်း သံသရာအတွက်ကုသိုလ်တွေပြုဖြစ်နေတာပဲဖြစ်ပါတယ်။ ထက်ထက်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ လုပ်ချင်တဲ့ကုသိုလ်တွေအများကြီး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Htet Htet Moe Oo ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်