ကျန်းမာရေးမကောင်းတော့ပြီဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို သူ့သားလေးနဲ့ အမှတ်တရသီချင်း MV လေးရိုက်ပေးချင်တယ်ဆိုတဲ့ စိုင်းဆိုင်မောဝ်ရဲ့ အမျိုးသမီး

ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မော်ဝ်ကတော့ ပရိသတ်တွေအကြိုက်သီချင်းတွေများစွာကို သီဆိုခဲ့ရာ သူ့ရဲ့သီချင်းတွေက ယနေ့အချိန်ထိတိုင် ရေပန်းစားအောင်မြင်နေဆဲဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်က အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် သီချင်းတွေမဆိုတော့ပဲ မိသားစုနဲ့သာ အေးအေးချမ်းချမ်းနေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အသက် (၇၅) နှစ်ရှိနေပြီဖြစ်တဲ့ စိုင်းဆိုင်မောဝ်ဟာ အခုဆိုရင် ကျန်းမာရေးမကောင်းတော့တဲ့အတွက် သားလေးနဲ့အတူ သီချင်း MV ရိုက်ကူးဖို့ သူ့ရဲ့အမျိုးသမီးက ဆန္ဒရှိနေကြောင်းပြောလာပါတယ်။

“ဒီရက်ပိုင်း စိုင်းဆိုင်မောဝ်က ကျမ်းမာရေးသိပ်မကောင်းဘူး။ စိုင်းဆိုင်မောဝ်ရဲ့သား စိုင်းပေါက်လေးအတွက် အဖေသက်ရှိစဉ်အမှတ်တရလက်ကျန်လေးအဖြစ် ကျန်ခဲ့စေချင်လွန်းလို့…”သီချင်းတစ်ပုဒ် “ကို သားအဖနှစ်ယောက် သရုပ်ဆောင်ပြီး Music Vedio လေးကို “ကင်မရာ စိုင်း . . “နဲ့ ရန်ကုန်မှာပဲရိုက်မယ်ပေါ့။ ဆက်သွယ်ကြည့်တော့ သိန်း၂၀တဲ့ခ။ရှယ်ဆို သိန်း၄၀တဲ့။ သူ့ လက်ရာ MV ရိုက်ချက်လေးတွေ Editလုပ်ထားတာတွေသဘောကျမိတာကတော့ အမှန်ပါ။ ဒါနဲ့ ရိုက်ကူးရေးက MVတစ်ပုဒ်စာ ရန်ကုန်တင်ကို ပေါက်ဈေးက အဲလောက်ရှိတာလားဟင်။ တကယ်မသိလို့ပါခ။” ဆိုပြီး စိုင်းဆိုင်မောဝ်ရဲ့ အမျိုးသမီးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

စိုင်းဆိုင်မောဝ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသက် (၇၅) နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး အသက်အရွယ်အရ ကျန်းမာရေးလည်းချို့ယွင်းနေပြီမို့ သက်ရှိထင်ရှားရှိနေတဲ့အချိန်လေးမှာ သားဖြစ်သူနဲ့ သီချင်း MV ရိုက်ကူးဖို့ သူ့ရဲ့အမျိုးသမီးက ဆန္ဒရှိနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sai Saing Mao’s fb

error: Alert: Content is protected !!