ကောင်းတူဆိုးဖက် ပါရမီဖြည့်ဖက်ကောင်းကို ပိုင်ဆိုင်ခွင့်ရတာ ဘုရားပေးတဲ့ဆုတစ်ခုပါပဲဆိုတဲ့ ယွန်းမြတ်သူ

အသည်းကွဲသီချင်းတွေကို အများဆုံးသီဆိုတဲ့ အဆိုတော်မလေး ယွန်းမြတ်သူကတော့ ပရိသတ်တွေရဲ့အားပေးမှုကို အခံရဆုံး တက်သစ်စအဆိုတော်တစ်ယောက်ပါပဲ။ သီချင်းကောင်းတွေနဲ့အောင်မြင်မှု တရှိန်ထိုးရရှိနေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့တဲ့ ယွန်းမြတ်သူဟာ အခုဆိုရင် သူမရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယွန်းမြတ်သူက သူမရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကံကောင်းခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

“ဘဝမှာ ပါရမီဖြည့်ဖက်ကောင်း တယောက်ရှိဖို့တော့လိုအပ်တယ်❤️ ကိုယ်ဘာလုပ်လုပ် ဘယ်သွားသွား ဆိုးတူကောင်းဖက် အမြဲရှိပေးတဲ့သူကိုပိုင်ဆိုင်ခွင့်ရတာလည်း ဒီဘဝမှာ ဘုရားကပေးတဲ့ကံကောင်းခြင်းတခုပါပဲ❤️💯 “အဖြေမပေးရင်ကိုယ့်အိမ်ဖုန်းကိုဆက်မယ်ဆိုလို့ကြောက်ပီး အဖြေတောင်းတာကို တရက်တည်းနဲ့အဖြေပေးလိုက်တဲ့ကောင်လေးကလည်း ကိုယ့်အမျိုးသားဖြစ်လာတာပါပဲ😂😂😂”” ဆိုပြီး ခင်ပွန်းသည်အကြောင်းကို ပြောပြလာပါတယ်။

ယွန်းမြတ်သူကတော့ သူမနဲ့ဘဝတစ်လျှောက်လုံးလက်တွဲဖို့ ဆုံးဖြတ်သူဟာ သူမအပေါ် ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသတဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ ယွန်းမြတ်သူတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ သက်ဆုံးတိုင်ချစ်သွားကြနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yoon Myat Thu’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!