ကိုရီးယားဖျော်ဖြေပွဲတစ်ခုမှာ ကမ္ဘာကျော်ဂန္တဝင်တေးတစ်ပုဒ်ကို သီဆိုဖျော်ဖြေရင်း မျက်ရည်တွေစီးဆင်းကျလာခဲ့တဲ့ မာသထူးဝါးရဲ့ ဗီဒီယို

အရွယ်နဲ့မလိုက်အောင် အနုပညာပါရမီကြီးမားလွန်းသူ အဆိုတော်မလေး မာသထူးဝါးကတော့ မြန်မာပရိသတ်တွေကြားမှာ နာမည်ကျော်သူတစ်ယောက်ဖြစ်သလို သူမလက်ရှိနေထိုင်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း အထိုက်အလျောက်အောင်မြင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အသက် (၁၅) နှစ်အရွယ်သာရှိသေးတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့လမှာလည်း သူမရဲ့မိခင်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး စိတ်ထိခိုက်ဝမ်းနည်းနေတာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူကို တမ်းတစိတ်နဲ့ ဖျော်ဖြေပွဲတွေကိုလည်း ကြိုးစားပြီးဖျော်ဖြေပေးနေတဲ့ မာသထူးဝါးဟာ မနေ့က ဇွန်လ (၂၅) ရက်နေ့မှာလည်း တောင်ကိုးရီးယားရဲ့ TV charnel KBS2 မှာ ဖျော်ဖြေပေးခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

မာသထူးဝါးဟာ အင်္ဂလန်အဆိုတော် ပေါလ်ပို့စ်နဲ့ ကမ္ဘာကျော် ဂန္တဝင်တေး“Nella Fantasia” ကို ဖျော်ဖြေသီဆိုပေးခဲ့တာပဲဖြစ်ပါတယ်။ မာသထူးဝါးက အင်္ဂလန်အဆိုတော် ပေါလ်ပို့စ်နဲ့ ဖျော်ဖြေတင်ဆက်နေရင်း ခံစားချက်တွေပြင်းထန်လာကာ မျက်ရည်တွေကျလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မာသထူးဝါးနဲ့ ပေါလ်ပို့စ်နဲ့ အတူတူ သီဆိုခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

မာသထူးဝါးကတော့ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ ဖျော်ဖြေပွဲမှာပဲ မျက်ရည်တွေကျလာတဲ့အထိ ခံစားချက်အပြည့်နဲ့ သီချင်းသီဆိုတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ဖြစ်သွားမယ်ဆိုတာ အသေအချာပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Our Princess Marthahtoowah Fans Page ‘s fb

error: Alert: Content is protected !!