သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း အတူရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အရေးတော်ပုံအတွက် တစ်ဖက်တစ်လမ်းကနေ အမြဲတမ်းကူညီပေးနေတဲ့ ဒေါင်းက သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲထားတဲ့ အိတ်တွေကိုရောင်းချနေတာပဲဖြစ်ပါတယ်။ ဒေါင်းရဲ့ အိတ်တွေဟာလည်း ပြည်တွင်းပြည်ပက ပရိသတ်တွေ အများအပြားအားပေးကြတာကိုလည်း တွေ့ရပါတယ်။

မနေ့က မေလ(၉) ရက်နေ့မှာတော့ ဒေါင်းက သူကိုယ်တိုင်ဒီဇိုင်းထုတ်ဖန်တီးထားတဲ့အိတ် ရောင်းရငွေ ကျပ်သိန်း (၁၅၀) ကျော်ကို ပညာရေးအတွက် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ ဒေါင်းက “ကျွန်တော်တို့ DAC page ကနေ တစ်လအတွင်း အိတ်ပေါင်း ၁၅၇၈ လုံး စုစုပေါင်းငွေ ၄၁,၃၉၅,၆၀၁ ကျပ် ဖိုးရောင်းချရရှိခဲ့ပြီး အမြတ်ငွေ ၁၅,၂၇၁,၅၄၇ ကျပ်( တစ်ရာငါးဆယ့်နှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာ့လေးဆယ်ခုနှစ်ကျပ် တိတိ ) ရရှိခဲ့ပါတယ်။ ရရှိသောအမြတ်ငွေအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို့လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။”ဆိုပြီး ပရိသတ်များကို အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

ဒေါင်းက Free Online Educational Institution Myanmar ( FOEIM) ရဲ့ ပညာရေး သံသတမန်အဖြစ် ခန့်အပ်ခြင်းခံထားရသူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း အိတ်များရောင်း၍ရရှိသည့် အမြတ်ငွေ သိန်း ၁၅၀ ကျော်ကို Free Online Educational Institution Myanmar ( FOEIM) သို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: DAUNG – ဒေါင်း ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ကိုယ္ပိုင္ဒီဇိုင္းထုတ္ဖန္တီးထားတဲ့အိတ္ ေရာင္းရေငြ က်ပ္သိန္း (၁၅၀) ေက်ာ္ကို ပညာေရးအတြက္ လႉဒါန္းလိုက္တဲ့ ေဒါင္း

သ႐ုပ္ေဆာင္ ေဒါင္းကေတာ့ လက္ရွိေႏြဦးေတာ္လွန္ေရးမွာ ျပည္သူေတြနဲ႔ တစ္ေသြးတည္း တစ္သားတည္း အတူရွိခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း အေရးေတာ္ပုံအတြက္ တစ္ဖက္တစ္လမ္းကေန အၿမဲတမ္းကူညီေပးေနတဲ့ ေဒါင္းက သူကိုယ္တိုင္ဒီဇိုင္းေရးဆြဲထားတဲ့ အိတ္ေတြကိုေရာင္းခ်ေနတာပဲျဖစ္ပါတယ္။ ေဒါင္းရဲ႕ အိတ္ေတြဟာလည္း ျပည္တြင္းျပည္ပက ပရိသတ္ေတြ အမ်ားအျပားအားေပးၾကတာကိုလည္း ေတြ႕ရပါတယ္။

မေန႔က ေမလ(၉) ရက္ေန႔မွာေတာ့ ေဒါင္းက သူကိုယ္တိုင္ဒီဇိုင္းထုတ္ဖန္တီးထားတဲ့အိတ္ ေရာင္းရေငြ က်ပ္သိန္း (၁၅၀) ေက်ာ္ကို ပညာေရးအတြက္ လႉဒါန္းလိုက္တယ္လို႔ သိရပါတယ္။ ေဒါင္းက “ကြၽန္ေတာ္တို႔ DAC page ကေန တစ္လအတြင္း အိတ္ေပါင္း ၁၅၇၈ လုံး စုစုေပါင္းေငြ ၄၁,၃၉၅,၆၀၁ က်ပ္ ဖိုးေရာင္းခ်ရရွိခဲ့ၿပီး အျမတ္ေငြ ၁၅,၂၇၁,၅၄၇ က်ပ္( တစ္ရာငါးဆယ့္ႏွစ္သိန္းခုႏွစ္ေသာင္းတစ္ေထာင့္ငါးရာ့ေလးဆယ္ခုႏွစ္က်ပ္ တိတိ ) ရရွိခဲ့ပါတယ္။ ရရွိေသာအျမတ္ေငြအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို႔လႊဲေျပာင္းလႉဒါန္းေပးခဲ့ပါတယ္ခင္ဗ်ာ။”ဆိုၿပီး ပရိသတ္မ်ားကို အသိေပးထားတာကိုလည္း ေတြ႕ရပါတယ္။

ေဒါင္းက Free Online Educational Institution Myanmar ( FOEIM) ရဲ႕ ပညာေရး သံသတမန္အျဖစ္ ခန႔္အပ္ျခင္းခံထားရသူျဖစ္ၿပီး ဒီတစ္ေခါက္မွာလည္း အိတ္မ်ားေရာင္း၍ရရွိသည့္ အျမတ္ေငြ သိန္း ၁၅၀ ေက်ာ္ကို Free Online Educational Institution Myanmar ( FOEIM) သို႔လႉဒါန္းခဲ့တာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Yolo
Source: DAUNG – ေဒါင္း ‘s fb

error: Alert: Content is protected !!