ကိုယ်ပိုင်ခံစားချက်နဲ့ ထပ်တူအကျဆုံးဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ကို ဒီရက်ပိုင်းထဲချပြမယ်လို့ ပရိသတ်ကိုခွင့်တောင်းလာခဲ့တဲ့ အလင်းရောင်

အလင်းရောင်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အလင်းရောင်က သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်ပါ ရပ်တည်နေသူတစ်ယောက်ဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း သူ့ရဲ့သီချင်းသစ်ထွက်ရှိမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလာခဲ့တာကို တွေ့ရပါတယ်။

အလင်းရောင်က “ကျွန်တော် ဒီကနေ့ ကျွန်တော့်ပရိသတ်ကို တစ်ခု အသိပေးရင်းနဲ့ ခွင့်တောင်းချင်တာလေး တစ်ခုရှိလို့ပါ။ လွန်ခဲ့တဲ့ ၆နှစ် ၂၀၁၆က ကျွန်တော် ထုတ်ခဲ့တဲ့ Oh My Crush Album ထဲက ကျွန်တော့် personal feeling နဲ့ ထပ်တူအကျဆုံး သီချင်းဖြစ်တဲ့ “ချစ်ခဲ့သမျှ” ဆိုတဲ့ သီချင်းလေးရှိပါတယ်။ အဲဒီသီချင်းရဲ့ Music Video လေးကို ရိုက်ကူးထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ရတာကြောင့် အခုတော့ လက်စသတ်တဲ့အနေနဲ့ ဒီ music video လေးကို မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော့်ရဲ့ youtube channel မှာ တင်ပေးသွားမယ်ဆိုတာကို အသိပေးရင်းနဲ့ ခွင့်တောင်းပါတယ်ခင်ဗျာ။ အဲဒီအတွက် ကျွန်တော့်ရဲ့ youtube channel လေးကို subscribe လုပ်ပေးထားဖို့လဲ မေတ္တာရပ်ခံချင်ပါတယ်။ အနှောက်အယှက်ဖြစ်သွားခဲ့ရင်လဲ ကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။

အလင်းရောင်ကတော့ သူ့ရဲ့အသစ်ထွက်ရှိမယ့် “ချစ်ခဲ့သမျှ” Music Video လေးကို သူ့ရဲ့ YouTube အကောင့်ကနေပြီး မျှဝေပေးလာမယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလင်းရောင်နဲ့ ပိုးမမှီသာတို့ သရုပ်ဆောင်ထားတဲ့ “ချစ်ခဲ့သမျှ” Music Video လေးကို စောင့်မျှော်အားပေးပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Alinnyaung’s fb

error: Alert: Content is protected !!