ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ “သရဖူ” ဇာတ်ကားကိုကြည့်တိုင်း ရင်ဘတ်အောင့်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းရှိတယ်ဆိုတဲ့ ခြူးလေး

သရုပ်ဆောင်ခြူးလေးကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေစွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ယောက်ပါ။ ခြူးလေးဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ ဦးဆောင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုကို အများအပြားရရှိနေလျက်ရှိပါတယ်။

သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ခံစားတတ်တဲ့ ပုထုဇဉ်လူသားပီပီ ခြူးလေးဟာလည်း သူမကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကိုကြည့်တိုင်း ခံစားရလေ့ရှိကြောင်းပြောလာပါတယ်။ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း သူမသရုပ်ဆောင်ထားတဲ့ အေး ဆိုတဲ့ ကာရိုက်တာနဲ့ သူမရဲ့ခင်ပွန်း ကိုစိုးအောင်တို့ မသင့်မမြတ်ဖြစ်ကြပြီး အေးအနေနဲ့ အိမ်ပေါ်ကဆင်းဖို့ဆုံးဖြတ်လိုက်တဲ့ ဇာတ်ဝင်ခန်းဟာလည်း သူမကိုခံစားစေရကြောင်း “အရမ်းကြိုက် တဲ့ scene လေး …. ပြန်ကြည့်လိုက်တိုင်း ရင်ဘတ်ထဲမှာ အောင့်နေတာဘဲ …😭” ဆိုပြီး ပြောပြလာပါတယ်။

“သရဖူ” ဇာတ်လမ်းတွဲကတော့ အရင်ကတည်းက ဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းရိုက်ကူးစဉ်မှာလည်း ခေတ်အဆက်ဆက်အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chue Lay ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ကိုယ္တိုင္သ႐ုပ္ေဆာင္ထားတဲ့ “သရဖူ” ဇာတ္ကားကိုၾကည့္တိုင္း ရင္ဘတ္ေအာင့္ရတဲ့ ဇာတ္ဝင္ခန္းတစ္ခန္းရွိတယ္ဆိုတဲ့ ျခဴးေလး

သ႐ုပ္ေဆာင္ျခဴးေလးကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္အေပၚ တာဝန္ေက်စြာ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အမ်ားဆုံးရရွိထားသူတစ္ေယာက္ပါ။ ျခဴးေလးဟာ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “သရဖူ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္မင္းသမီးေနရာကေန ဦးေဆာင္သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ေတြရဲ႕ခ်ီးက်ဴးအားေပးမႈကို အမ်ားအျပားရရွိေနလ်က္ရွိပါတယ္။

သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သလို ခံစားတတ္တဲ့ ပုထုဇဥ္လူသားပီပီ ျခဴးေလးဟာလည္း သူမကိုယ္တိုင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြကိုၾကည့္တိုင္း ခံစားရေလ့ရွိေၾကာင္းေျပာလာပါတယ္။ “သရဖူ” ဇာတ္လမ္းတြဲမွာလည္း သူမသ႐ုပ္ေဆာင္ထားတဲ့ ေအး ဆိုတဲ့ ကာ႐ိုက္တာနဲ႔ သူမရဲ႕ခင္ပြန္း ကိုစိုးေအာင္တို႔ မသင့္မျမတ္ျဖစ္ၾကၿပီး ေအးအေနနဲ႔ အိမ္ေပၚကဆင္းဖို႔ဆုံးျဖတ္လိုက္တဲ့ ဇာတ္ဝင္ခန္းဟာလည္း သူမကိုခံစားေစရေၾကာင္း “အရမ္းႀကိဳက္ တဲ့ scene ေလး …. ျပန္ၾကည့္လိုက္တိုင္း ရင္ဘတ္ထဲမွာ ေအာင့္ေနတာဘဲ …😭” ဆိုျပီး ေျပာျပလာပါတယ္။

“သရဖူ” ဇာတ္လမ္းတြဲကေတာ့ အရင္ကတည္းက ဆရာမၾကီး မစႏၵာရဲ့ နာမည္ၾကီး ဝတၳဳတစ္ပုဒ္ျဖစ္ျပီး ရုပ္ရွင္၊ ဇာတ္လမ္းတြဲအျဖစ္ အသက္သြင္းရုိက္ကူးစဥ္မွာလည္း ေခတ္အဆက္ဆက္ေအာင္ျမင္ခဲ့ျပီး ပရိသတ္အားေပးမႈကိုရရိွခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Chue Lay ‘s fb

error: Alert: Content is protected !!