ကိုယ့်တိုင်းပြည်ရဲ့အဝေး အိမ်ပြေးဘဝနဲ့ နေရာပျောက်နေတဲ့ သူမတို့သားအမိကို ပျော်ရွှင်ပြည့်စုံအောင်ထားပေးတဲ့ ခင်ပွန်းကို ကျေးဇူးတင်စကားပြောလာတဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ ပရိသတ်တွေအားပေးမှုများတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မျာလည်း Speak Out လုပ်ပေးခဲ့တာကြောင့် စကစရဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာဖြစ်ပြီး သူမရဲ့နေအိမ်ဟာလည်း ချိတ်ပိတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ချမ်းချမ်းဟာ သူမရဲ့ခင်ပွန်းရှိရာ အီတလီနိုင်ငံမှာ နေထိုင်နေလျက်ရှိပြီး သူမရဲ့သမီးကြီး ဂင်္ဂါမေကိုလည်း အီတလီနိုင်ငံကိုခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ချမ်းချမ်းက “Home sweet home with the 🌈 rainbow ❤️❤️သမီးလေးတွေနဲ့ နွေးထွေးတဲ့ အိမ်လေးကိုဖန်တီးပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။ အိမ်ပြေးဘဝနဲ့ နေရာပျောက်နေတဲ့ ကျမနဲ့သမီးကညီးကိာရော ပီလာလေးကိုပါ ပျော်ရွှင်အောင် ပြည့်စုံအောင် ပျော်ရွှင်အောင်ထားတဲ့ဖေဖေ။ တခါတရံ ဘာမှမပိုင်ဆိုင်ခြင်းက သင့်ကို လွတ်လပ်စေတယ်။ အေးချမ်းစေတယ်ဆိုတာ အမှန်ပါပဲ။ ကျယ်ဝန်းတဲ့စိုက်ခင်းတွေ လေကောင်းလေသန့်ရှူရှိုက်ရင်း စက်ဘီးလေးစီး ကလေးတွေက ခြံထဲကစား ကိုယ် နဲ့ ကိူယ်ချစ်ရတဲ့သူနှစ်ယောက်သား ခြံထဲ ထိုင်ပီး သက်တန့်ကြီးကို ကြည့်ခွင့်ပေးလို့ ဘုရားကိူကျေးဇူးတင်ပါတယ်။ အခုလို မြန်မာပြည်မှာအခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေ ကလေးမိဘတွေစစ်ရှောင်တွေ ပြည်သူ့ ဝန်ထမးတွေ ပြည်သူ့အားကိုးရတဲ့ အမှန်တရားဘက်တော်သားတွေ အတွက် တဖက်တလမ်းကနေ အမြဲ ကူညီခွင့်ရလို့လဲ ဘုရားကိုကျေးဇူးတင်တယ်။ မကြာမီမှာလဲ လိုပပ်နေတဲ့နေရာတွေ အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးနျုင်ဖို့ ကျမ အနေနဲ့တတ်စွမ်းတဲ့ အနုပညာနဲ့ ကူညီပြီး ရံပုံငွေတွေရှာပြီး ထောက်ပံ့ပေးဖို့ ကြိုးစားသွားမှာပါ။ ကျမကိုချစ်တဲ့ ကျမချစ်တဲ့ပရိတ်သတ်ရဲ့ဆုတောင်းမေတ္တာကြောင့် မိသားစုအားလုံးနေကောင်းကျန်းမာကြပါတယ်။ ကျမပြန်လည်ပို့သသောမေတ္တာကြောင့် မြန်မာပြည်ကြီးအမြန်အေးချမ်းပါစေဆုတောင်းပါတယ် 🙏🙏🙏” ဆိုပြီး ပြောလာပါတယ်။

ချမ်းချမ်းကတော့ ကိုယ့်တိုင်းပြည်ရဲ့အဝေး အိမ်ပြေးဘဝနဲ့ နေရာပျောက်နေတဲ့ သူမတို့သားအမိကို တိုင်းတစ်ပါးမှာ ပျော်ရွှင်ပြည့်စုံအောင်ထားပေးတဲ့ ခင်ပွန်းကို ကျေးဇူးတင်စကားပြောသလို သူမကိုချစ်ပေးကြတဲ့ ပရိသတ်ပြည်သူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chan Chan’s fb

error: Alert: Content is protected !!