




Source: Paing Takhon’s fb

ကိုယ့်ကိုကိုယ်နာမည်ကြီးမင်းသားဆိုတာမေ့ပြီး အင်းလေးကန်မှာ လွတ်လွတ်လပ်လပ်ပျော်ရွှင်နေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယို

သရုပ်ဆောင်၊ မော်ဒယ်လ် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းသလို ဖော်ရွေရင်းနှီးတတ်တာကြောင့် ပရိသတ်တွေအကုန်လုံးက ချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူစည်းနဲ့ကမ်းနဲ့နေထိုင်ပြီး ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနေလျက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီလို အေးဆေးပြီး တည်ငြိမ်လွန်းတဲ့ ပိုင်တံခွန်ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်ဟာ ရှမ်းပြည်နယ်ဘက်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်က ခရီးရောက်ခိုက် သူသွားချင်တဲ့နေရာတွေကိုလည်း အချိန်ပေးသွားရောက်လည်ပတ်နေပြီး ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေခဲ့ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က အင်းလေးကန်ကိုရောက်ရှိနေတာဖြစ်ပြီး အင်းလေးကန်ကိုရောက်ခိုက် သူလုပ်ချင်တာကိုသူ လွတ်လွတ်လပ်လပ်လုပ်ကိုင်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ သူ့ကိုယ်သူ နာမည်ကြီးမင်းသားတစ်ယောက်ဆိုတာကို မေ့ထားပြီး လွတ်လွတ်လပ်လပ်ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အင်းလေးကန်ကို သွားရောက်လည်ပတ်ချင်စိတ်တွေပေါ်လာမယ် ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များမှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

error: Alert: Content is protected !!