ကလေးသီချင်းတွေမကြိုက်ပဲ မြန်မာသံစဉ်ခေတ်ဟောင်းသီချင်းနဲ့သိပ်မှ အိပ်ပျော်တဲ့ အမေတူသမီးလေးအကြောင်းပြောပြလာတဲ့ အိမ့်ချစ်

အဆိုတော်မလေး အိမ့်ချစ်ကတော့ အဆိုကောင်းပြီး သီချင်းတိုင်းကို ပိုင်နိုင်စွာ သီဆိုနိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အခုဆိုရင် အိမ်ထောင်ရှင်ကလေးတစ်ယောက်မိခင်ဖြစ်နေပြီမို့ သမီးလေးရဲ့ ဝေယျာဝစ္စတွေအားလုံးကို လုပ်ဆောင်ပေးနေရသလို ပရိသတ်တွေအတွက်လည်း သီချင်းတွေကို ဆက်လက်သီဆိုပေးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိမ့်ချစ်က သူမဆီကနေ ဂီတအနုပညာသွေးတွေစီးဆင်းနေတဲ့ အကျင့်တူသမီးလေးအမရာအကြောင်းကို အခုလိုပဲပြောလာပါတယ်။

အိမ့်ချစ်က “အမရာ နဲ့တွေ့မှပဲ အမေလဲ မြန်မာသံစဉ်ခေတ်ဟောင်း သီချင်းလေးတွေမဆိုတတ်ဆိုတတ်နဲ့ကြိုးစားဆိုနေရပြီ 😁😁😁 Twinkle Twinkle တို့ဘာတို့နဲ့ဆိုဆရာမက ဘယ်လိုသိပ်သိပ် မအိပ်ဘူး 🤣 အမေတူတာဖြစ်မယ် အဖွားပြောပြတာတော့ အမေလဲ ဒီသီချင်းတွေနဲ့ပဲအိပ်ခဲ့တာတဲ့ ❤️အဆိုမကောင်းလဲသီးခံပြီးကြည့်ပေးကြပါဟီးးးး အင်္ကျီတွေက အမရာအတွက်ဖြည့်စွက်စာချက်ဖို့ မီးဖိုချောင်ထဲဟိုလုပ်ဒီလုပ်နဲ့မို့ရေတွေစိုနေတာပါလို့ .. ဗိုက်ကတော့ စားတာတွေများပြီး ပြန်ပူလာတာပါ 🤣” ဆိုပြီး အမရာလေးကို အိပ်ပျော်အောင်သိပ်နေတဲ့ သူမရဲ့ ဗီဒီယိုလေးကိုပြောပြလာပါတယ်။

အိမ့်ချစ်ကတော့ သူမကိုယ်တိုင်လည်း သီချင်းဆိုဝါသနာကို သူမရဲ့ဖခင် အဆိုတော်ချစ်ကောင်းဆီကနေ ရရှိခဲ့သလို သမီးလေးအမရာကလည်း အခုအရွယ်ကတည်းကနေ အိမ့်ချစ်လို သီချင်းကြိုက်တတ်နေတာမို့ သွေးကစကားပြောတယ်ဆိုတဲ့စကားက တကယ့်ကိုအမှန်တကယ်ပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Eint Chit’s fb

error: Alert: Content is protected !!