ကလေးလေးတွေသုံးလို့ရတဲ့ ရေမွှေးကို ထုတ်လုပ်ဖို့ ဖေဖေစိုင်းလွှမ်းနဲ့ တိုင်ပင်နေတယ်ဆိုတဲ့ စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်ကတော့ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးနဲ့ သရုပ်ဆောင်၊ အဆိုတော် စိုင်းလွှမ်းတို့ရဲ့ သမီးပဲဖြစ်ပါတယ်။ မိဘနှစ်ပါးကွာရှင်းပြတ်ဆဲပြီးချိန်မှာတော့ စစ်လွန်းဝတီထက်ဟာ သူမရဲ့ ဖခင် စိုင်းလွှမ်းနဲ့အတူတူနေထိုင်ရင်း ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိစွာကြီးပြင်းလာခဲ့တာပဲဖြစ်ပါတယ်။ အရွယ်လေးနဲ့မလိုက်အောင် ထက်ထက်မြက်မြက်ရှိတဲ့ စစ်လွန်းဝတီထက်ဟာ ဒီကနေ့မှာလည်း ကလေးသုံးရေမွှေးလေးထုတ်လုပ်ချင်တဲ့ သူမရဲ့ စိတ်ကူးလေးကိုပြောပြလာပါတယ်။

စစ်လွန်းဝတီထက်က “တချို့ရေမွှေး တော်တော်များများက ခလေးငယ်လေးတွေအတွက် ရှူမိတဲ့အခါ အဆိပ်အတောက်ဖြစ်မူးဝေစေတတ်တယ် တဲ့။ အဲ့ဒါကြောင့် ခလေးလေးတွေ ရှူမိရင်လည်း အန္တရာယ်မဖြစ်တဲ့အပြင် ခလေးလေးတွေပါ သုံးလို့ရတဲ့ ရေမွှေးကို သမီး ထုတ်လုပ်ဖို့စဉ်းစားမိတယ်။ ပါပါးနဲ့တိုင်ပင်ပြီး အမြန်ဆုံးမိတ်ဆက်ပေးပါမယ်နော်။ ဒါလေးက သမီးစိတ်ကူးပိစိလေးပါ🥰 ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

စစ်လွန်းဝတီထက်ကတော့ ကလေးတစ်ယောက်ဆိုပေမယ့် စီးပွားရေးနဲ့ပတ်သက်ပြီး စိတ်ကူးအိပ်မက်တွေရှိနေပြီဖြစ်ပြီး သူမရဲ့ဖေဖေ စိုင်းလွှမ်းကလည်း သူမအတွက် အကောင်းဆုံးတွေစဉ်းစားပေးပြီး ဖြည့်ဆည်းပေးမယ်ဆိုတာ အသေအချာပါပဲ။ စစ်လွန်းလေးရဲ့ စိတ်ကူးအိပ်မက်လေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sis Loon Wati Htet’s fb

error: Alert: Content is protected !!