ကလေးဆန်လွန်းတဲ့ ဟန်လင်းဟာ နိုင်ငံခြားရောက်ပြီး ဒုက္ခတွေရောက်လာချိန်မှာတော့ အားကိုးရတဲ့လူကြီးလေးတစ်ယောက်ဖြစ်လာခဲ့ပြီဆိုတဲ့ မေဦး
သရုပ်ဆောင်နဲ့ မော်ဒယ်လ် ဟန်လင်းနဲ့ မိတ်ကပ်ပညာရှင် မေဦးတို့ကတော့ LGBT ချစ်သူသမီးရည်းစားဆိုပေမယ့် လက်ထပ်ပြီးစုံတွဲတွေလို တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေအမြဲဖြည့်ဆည်ပေးပြီး သာယာတဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် တောခိုခဲ့ပြီး အခုဆိုရင် အမေရိကန်ကိုနိုင်ငံရေးခိုလှုံခွင့်နဲ့ရောက်ရှိနေတဲ့ မေဦးနဲ့ ဟန်လင်းတို့ဟာ အနုပညာအလုပ်တွေနဲ့တော့ အဆက်အသွယ်ပြတ်တောက်နေလျက်ရှိပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေဦးက နိုင်ငံခြားရောက်မှ အိမ်အလုပ်တွေလုပ်တတ်နေပြီဆိုတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ပိုစ့်ကို Share ပြီး သူတို့နှစ်ယောက်ရဲ့အကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်။
“ကိုကျော်ဟင်းချက်တက်လာပြီဆိုတာလေးပြောပြတော့ အိမ်ကမောင်ဟန်လင်းတစ်ယောက်လည်း အရင်ကဆို လူကြီးဆန်သလိုလိုနဲ့ ခလေးစိတ်မပျောက် မီးဖိုချောင်ဝင်ကူခိုင်းရင်တစ်ကျက်ကျက်နဲ့မတည့်ရတာအမော ရောက်ခါစကဆိုကြက်သွန်လှီးခိုင်းလိုက်တာ လက်ရှလို့သူ့ကိုပြန်ပြုစုရနဲ့ 😄 အခုများတော့ သူ့အလုပ်တွေကိုလည်းမနားတမ်းကြိုးစားတဲ့အပြင် မေဦးအလုပ်တွေလည်းတစ်ခုမကျန်အကုန်ကူပေးရင်း အခုဆို မီးဖိုချောင်ပါဝင်ပြီး အရမ်းအရသာရှိတဲ့ထမင်းဟင်းချက်တက်သွားတော့ ကိုယ်တွေမှာပျော်လိုက်တာ 🥰 နှစ်ယောက်သား အေးအတူပူအမျှဆိုတဲ့စကားပုံဟာ အခုမှနှဖူးတွေ့ဒူးတွေ့ ကြုံကြရတာပါ။ ကိုယ့်အတွက်တော့ သူဟာတစ်ဖြည်းဖြည်းနဲ့အရမ်းအားကိုးရတဲ့ လူကြီးလေးဖြစ်လာပါပြီ 😊😘” ဆိုပြီး မေဦးကပြောပြလာပါတယ်။
ဟန်လင်းကတော့ မေဦးထက် အသက်ငယ်သူတစ်ယောက်ပီပီ မေဦးအပေါ်မှာ နွဲ့ဆိုးဆိုးပြီး ကလေးဆန်ပေမယ့် အခုလို နိုင်ငံရပ်ခြားမှာ ဆင်းရဲဒုက္ခတွေကြုံလာချိန်မှာတော့ ရင့်ကျက်လာခဲ့ပြီး အားကိုးရတဲ့လူကြီးလေးဖြစ်လာခဲ့တယ်လို့ မေဦးက ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: May Oo ‘ fb