ကမ်းခြေမှာ အပန်းဖြေရင်း သာသာယာယာအနားယူနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံ

မင်းသမီးချောလေး ရွှေမှုံရတီကတော့ သူမရဲ့အအောင်မြင်ဆုံးအချိန်မှာတင် အိမ်ထောင်သည်ဘဝကို ခံယူခဲ့တာပဲဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံဟာ လက်ထပ်ထားတာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ နှစ်ယောက်တည်း သာယာတဲ့ အချိန်တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ အနုပညာအလုပ်တွေကိုယ်စီမှာလည်း အောင်မြင်မှုတွေဆွတ်ခူးရရှိပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ဇနီးမောင်နှံဟာ (၂၀၁၈) ခုနှစ်ကလက်ထပ်ထားကြပြီး အိမ်ထောင်သက်လေးနှစ်နီးပါးရှိနေပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦးဇနီးမောင်နှံအတိုင်း ချစ်ကြဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေမှုံရတီက သူမရဲ့ကမ်းခြေက ဓာတ်ပုံလေးတွေကို မျှဝေရင်း ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ Romantic ဆန်ဆန်ပုံလေးတွေကိုလည်း ချပြလာခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့ လူငယ်စုံတွဲလေးပီပီ တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူခရီးတွေထွက်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Shwe Mhone Yati ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!