ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့မှာ ချစ်ပရိသတ်တွေအားလုံးအတွက် မေတ္တာပို့ဆုတောင်းပေးလာတဲ့ ဝတ်မှုံရွှေရည်
နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံခြားက ရုပ်ရှင်ထူးချွန်ဆုတွေလည်း လက်ခံရရှိခဲ့သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းတွေမရှိသေးပေမယ့် ကြော်ငြာတွေကိုတော့ လက်ခံရိုက်ကူးပေးနေလျက်ရှိပါတယ်။
အသက်သုံးဆယ်ကျော်လာပြီးတဲ့နောက် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အရင်ကထက်ပိုမိုလုပ်ကိုင်ဖြစ်နေတဲ့ ဝတ်မှုံရွှေရည်ဟာ ဒီကနေ့ ကဆုန်လပြည့်နေ့ မှာလည်း ဘုရားကျောင်းကန်သွားပြီး ကုသိုလ်ယူဖြစ်နေတာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ချစ်ပရိသတ်တွေကိုလည်း “ကဆုန်လပြည့်နေ့ ” ဗုဒ္ဓအခါတော်နေ့ “မှာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ။ 🙏🙏🙏။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဆုတောင်းပေးလာခဲ့ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ အခါကြီးရက်ကြီးနေ့မှာ ကိုသလ်တွေပြုရင်း အေးချမ်းစွာဖြတ်သန်းနေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ဆုတောင်းပေးသလို ဗုဒ္ဓအခါတော်နေ့ “မှာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Wutt Hmone Shwe Yi ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
error: Alert: Content is protected !!